DVB Logo
Home
မြန်မာသတင်း
အောင်ဘာလေဘထီနှင့် ကံစမ်းမဲလက်မှတ်များ ပူးတွဲရောင်းချ၍ ငွေလိမ်မှုဖြစ်ပွား
DVB
·
March 15, 2018
အောင်ဘာလေဘထီနှင့် ကံစမ်းမဲလက်မှတ်များ ပူးတွဲရောင်းချ၍ ငွေလိမ်မှုဖြစ်ပွား
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေက အောင်ဘာလေဘထီနဲ့ ကံစမ်းမဲလက်မှတ်တွေကို ပူးတွဲရောင်းချပြီး ငွေလိမ်မှုတချို့ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလိမ်လည်ခံရသူတွေထဲက တမူးမြို့နယ် ကွန်းတောင်းကျေးရွာနေ တောင်သူတဦး ဖြစ်တဲ့ မခင်မာဦးက ငွေကျပ် ၁၁ သိန်း ၉ သောင်း အလိမ်ခံရမှုနဲ့ တမူးမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။

ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ ၃ လလောက်က တရားလိုရဲ့ နေအိမ်ကို အောင်စိုးသူ ဆိုသူက အမည်မသိအမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့အတူ ရောက်ရှိလာပြီး အောင်ဘာလေထီ ၅၀ စောင်စီပါ ထီ ၄ အုပ်ကို ထီမပေါက်ရင် ငွေပြန်အမ်းမယ်ဆိုပြီး ငွေကျပ် ၄ သိန်းနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ဝယ်သူကို ဘာလို့ ဝယ်ရတာလဲ မေးတော့ ရောင်းသူက အရမ်းအပြောကောင်းလို့ပါလို့ ပြောပါတယ်။ ဒါ့အပြင် ကံစမ်းမဲလည်း ပါတယ်ဆိုလို့ ဝယ်လိုက်မိတာပါ လို့ပြောပါတယ်။

အဲဒီအမှုကို တမူးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၁၄ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

အခုလဆန်းပိုင်းကလည်း တမူးမြို့ ပါဝါတည်းခိုခန်းမှာ တည်းပြီး တမူးမြို့ပေါ်မှာ ၁၅၀၀ ကျပ်နဲ့ ထပ်မံရောင်းချနေတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်းဖမ်းဆီးပြီး ထီလက်မှတ်တွေ ပြန်သိမ်းပြီး ငွေတွေကို ပြန်ပေးစေခဲ့ပါတယ်။

ထီရောင်းတဲ့အဖွဲ့ကို စစ်ကိုင်းတိုင်း အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းနဲ့ တမူး လူငယ်ကွန်ရက်အဖွဲ့တို့က အစိုးရထီကို အဲဒီဈေးနှုန်းနဲ့ မည်သည့်အရပ်မှာမျှ မရောင်းဖို့ ဆွေးနွေးပြောကြားပြီး ကလေးမြို့ကို ပြန်လွှတ်ခဲ့ရပါတယ်။

သတင်း - ဂေါင်ဂေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013