DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့ပေါ်လမ်းများတွင် ညအချိန်လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေ
DVB
·
March 15, 2018
ပုသိမ်မြို့ပေါ်လမ်းများတွင် ညအချိန်လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေ
Donate to DVB

ပုသိမ်မြို့ပေါ် လမ်းမတွေမှာ အမျိုးသမီးတွေကို ဦးတည်ပြီး ညအချိန်ဆိုင်ကယ်နဲ့ အုပ်စုဖွဲ့လုယက်မှုတွေ မတ်လထဲမှာ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မတ်လ ၂ ရက်နေ့က ပုသိမ်မြို့ ဘန့်ဘွေးကုန်းလမ်းမှာ အမျိုးသမီး ၂ ဦးဆီက ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို အသက် ၁၇ နှစ်အရွယ်လူငယ် ၃ ဦးကလုယက်ခဲ့ပြီး မတ် ၁၁ ရက် ညပိုင်း ကလည်း ပုသိမ်မြို့အဝင် သရဝဏ်လဘက်ရည်ဆိုင်နားမှာ အမျိုးသမီး ၂ ဦး လက်ထဲ ကိုင်ထားတဲ့ ဖုန်းနဲ့ငွေ ထည့်ထားတဲ့ ပိုက်ဆံအိတ်တလုံးကို လူငယ် ၃ ဦးက ဆွဲယူ ထွက်ပြေးမောင်းနှင်မှုဖြစ်ပွားခဲ့ကာ အမှုနှစ်မှုစလုံးက ကျူးလွန်သူတွေကို ဖမ်းဆီးထားပြီလို့ သိရပါတယ်။

မတ်လ ၁၂ ရက်နေ့ ညပိုင်းကလည်း ပုသိမ်တက္ကသိုလ်လမ်းထိပ်က ဗန္ဓုလပန်းခြံနားမှာ အမျိုးသမီး ၂ ဦးကို ဓားနဲ့ထောက်ကာ ဆွဲကြိုးလုယက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူလူငယ် ၂ ဦးကို အမြန်ဆုံးဖမ်းဆီးနိုင်အောင် ကြိုးစားနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးခင်မောင်လတ်က “လူငယ်တွေ ကျူးလွန်တာ များတယ်ဆိုတာ။ လူငယ်တွေက သူများဖုန်းကိုင်တာတွေ့ရင် ကိုင်ချင်တယ်။ မိဘကလည်းဝယ်မပေးနိုင်ဘူး။ နောက်ထပ်အရက်သောက်တာတို့၊ KTV သွားရင်း ဆိုင်က ကောင်မလေးတွေနဲ့ တွဲဖြစ်တော့ ထပ်လည်း သွားဖို့ငွေလိုတော့ ကျူးလွန်ကြတာ။ တချို့လုယက်ခံရတဲ့သူတွေကလည်း ပိုက်ဆံအိတ်ထဲ လေး ငါးထောင် တသောင်းလောက် ဆိုတော့ ရဲစခန်းကို မတိုင်ကြတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

လုယက်မှုတွေ ကျူးလွန်ပြီး ဖမ်းဆီးခံရတဲ့ အသက်အရွယ်တွေဟာ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်အတွင်းရှိ လူငယ်တွေဖြစ်ကြပြီး တချို့ကတော့ တရားရုံးကနေ အသက်မပြည့်သေးလို့  မိဘဆီ ခံဝန်နဲ့ ပြန်အပ်ပြီး ဆက်လက်တရားရင်ဆိုင်နေချိန်မှာပဲ ထပ်ပြီးလုယက်မှုတွေ ကျူးလွန်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013