DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့၌ ကျောင်းဆရာမတဦး ဆွဲကြိုးချ သေဆုံး
DVB
·
March 15, 2018
ဖြူးမြို့၌ ကျောင်းဆရာမတဦး ဆွဲကြိုးချ သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မှာ မတ်လ ၁၄ ရက် မနက် ၆ နာရီခွဲအချိန်က အလယ်တန်းပြ ကွန်ပျူတာဆရာမတဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဖြူးမြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူဟာ ဖြူးမြို့ ဘူတာမြောက်ရပ်ကွက် ကျောင်းစုရပ်မှာ နေထိုင်သူဖြစ်ပြီး လက်ရှိ ဖြူးမြို့ အ.ထ.က (၂) ကွန်ပျူတာဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူတဦး ဖြစ်တယ်လို့ သိရပါတယ်။

“သေဆုံးသူဟာ ညဘက်က မိဘတွေနဲ့ စကားပြောပြီး ဖုန်းသုံးပုံသုံးနည်းတွေတောင် မိဘတွေကို ပြပေးနေသေးတယ်လို့ ပြောတယ်။ မနက် အဖေဖြစ်သူက သေဆုံးသူရဲ့ အခန်းတံခါးပွင့်နေလို့ ကြည့်တဲ့အချိန်မှာ ဆွဲကြိုးချ သေနေတာ တွေ့လို့ စခန်းကို အကြောင်းကြားလို့ သွားပြီး စစ်ဆေးခဲ့တာပါ” လို့ ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူ ဆရာမနဲ့ပတ်သက်ပြီး ဖြူးမြို့နယ်ပညာရေးမှူးကို ဒီဗွီဘီက မေးမြန်းရာမှာ “သူက အလယ်တန်း လစာစား တယောက်ပါ။ လက်ရှိ ဆယ်တန်းစာမေးပွဲမှာတော့ တာဝန်ပေးထားတာ မရှိဘူး။ သူ့အိမ်မှာပဲ အနားယူနေတဲ့အချိန်မှာ ဖြစ်သွားတာပါ။ ဆရာမလေးက စိတ်ပျော့တဲ့ပုံစံတော့ ရှိတယ်။ တခြား ဘာပြဿနာမှတော့ မရှိပါဘူး”လို့ ပြောပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ဖို့ သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၈ အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013