
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ပေပင်စမ်းကျေးရွာအုပ်စု၊ စိုင်ကျကျေးရွာမှာ မတ် ၁၄ ရက်နေ့ မနက် ၉ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မကွေးမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
မီးလောင်မှုဖြစ်စဉ်မှာ စိုင်ကျကျေးရွာနေ ဦးကြည်အောင်ရဲ့ နေအိမ်မှာ မီးဖိုမီးနဲ့ ရေနွေးအိုးတည်ရာက အကာထရံကို မီးကူးစက် လောင်ကျွမ်းတာဖြစ်ပြီး လူနေအိမ် ၅ လုံး၊ နွားတင်းကုပ် ၂ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ ငွေကျပ် ၅၁၇၀၀၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
မီးပေါ့ဆအသုံးပြုသူ ဦးကြည်အောင်ကို မိချောင်းရဲနယ်မြေရဲစခန်းက မီးပေါ့ဆစွာအသုံးပြုမှု ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - သားကြီး(တောင်တွင်းကြီး)











