DVB Logo
Home
မြန်မာသတင်း
အလုပ်ရှင်နှင့်​အလုပ်သမား​ ညှိနှိုင်း​မှု မ​ပြေလည်​သေး
DVB
·
May 24, 2012
အလုပ်ရှင်နှင့်​အလုပ်သမား​ ညှိနှိုင်း​မှု မ​ပြေလည်​သေး
Donate to DVB

ရန်ကုန် လှိုင်သာယာစက်မှုဇုန်က ဆန္ဒပြတဲ့​အလုပ်သမား​တွေကို အလုပ်ရှင်က ညှိနှိုင်း​ဆောင်ရွက်​ပေး​မှု​တွေ လုပ်​ပေမယ့်​ အလုပ်သမား​တွေ ​တောင်း​ဆိုထား​တဲ့​ လုပ်ခလစာအတိုင်း​ မ​ပေး​တဲ့​အတွက် ​ပြေလည်မှုမရဘဲ အလုပ်သမား​တွေ ဆက်ပြီး​ ဆန္ဒပြကြပါတယ်။

[caption id="attachment_25230" align="alignleft" width="300" caption="HIMO ဆံပင်တုစက်ရုံက အလုပ်သမားများ (photo-dvb)"][/caption]

ဆန္ဒပြတာ ၂ ပတ်​လောက်ရှိ​နေပြီဖြစ်တဲ့​ ဟိုင်မို ဆံပင်တုစက်ရုံမှာ မ​နေ့​တုန်း​က အလုပ်ရှင်ရဲ့​ညီဖြစ်သူ လာ​ရောက် ​ဆွေး​နွေး​ခဲ့​ပေမယ့်​လည်း​ အလုပ်ရှင်က လစာ ၁ ​သောင်း​အထိပဲ တိုး​ပေး​နိုင်တယ်ဆိုတာ​ကြောင့်​ အဆင်မ​ပြေဖြစ်​နေကြပါတယ်။ အလုပ်ရှင်က သူတို့​လုပ်​နေတဲ့​ ဆံပင်တုကို ညက ခိုး​ထုတ်တယ်ဆိုပြီး​ စွပ်စွဲတယ်လို့​ ဟိုင်မိုအလုပ်သမား​ခေါင်း​ဆောင်တဦး​က ​ပြောပါတယ်။

“သူတို့​ညှိနှိုင်း​တော့​ ၁ ​သောင်း​တိုး​ပေး​တယ်။ ကျန်တဲ့​ ၅၀၀၀ ​တော့​ ဘယ်​နေရာ တိုး​မလဲမသိဘူး​။ သူတို့​လည်း​ တိတိကျကျ မသိဘူး​။ ဒါ​ပေမယ့်​ လက်မခံနိုင်တဲ့​အတွက် ညဘက်ကျ​တော့​ ဆံပင်​ခေါင်း​တွေ ခိုး​ထုတ်တယ်။ ညီမတို့​အထင်​တော့​ ​ခေါင်း​တွေက အရမ်း​အ​ရေး​ကြီး​နေပြီ။ စက်ရုံက ဒီလိုဖြစ်​နေတာ ကြာလာ​တော့​ သုံး​စွဲသူ​တွေဘက်က သူတို့​ပစ္စည်း​တွေ ပြန်လိုချင်​နေပြီ။ ​အော်ဒါပို့​ရမယ့်​ ရက်​တွေမှာ မ​ရောက်နိုင်တဲ့​အတွက် သုံး​စွဲသူ​တွေ ​တောင်း​ဆိုမှုကို သူတို့​က ဒီဘက်က အ​ခြေအ​နေကို အမှန်အတိုင်း​ ရှင်း​မပြဘဲ ​နေတယ်ထင်တယ်။ ဒီတိုင်း​ရှင်း​ပြရင် သူတို့​အတွက် သိက္ခာကျစရာ​တွေ ဖြစ်တယ်။ အဲဒါ​ကြောင့်​ မရှင်း​ပြဘဲ ပစ္စည်း​တွေကို သူတို့​အချိန်မီ ပြန်ပို့​နိုင်​အောင် လုပ်ပြီး​တော့​ ခိုး​ထုတ်တယ်။”

ဟိုင်မိုဆံပင်တု စက်ရုံက အလုပ်သမား​တွေဟာ အ​ခြေခံလစာ ၃ ​သောင်း​ ရရှိ​ရေး​ ​တောင်း​ဆိုကြတာဖြစ်ပြီး​ အလုပ်သမား​ရေး​ရုံး​ ကြား​ခံပြီး​ ပိုင်ရှင်နဲ့​ ညှိနှိုင်း​ပြီး​ ​ပြေလည်ကာ သ​ဘောတူညီချက်​တွေ လက်မှတ်ထိုး​ပြီး​ ​တောင်း​ဆိုတဲ့​အတိုင်း​ ​ပေး​ပါမယ် ဆိုပြီး​တော့​မှ အဲဒီ သ​ဘောတူညီချက်ကို ​ဖောက်ဖျက်ခဲ့​တာ​ကြောင့်​ အခုချိန်ထိ ဆက်လက် ဆန္ဒပြ​နေကြတာပါ။ ဒီဆန္ဒပြမှု​ကြောင့်​ အလုပ်သမား​ တချို့​ကို အလုပ်ထုတ်ပစ်တာမျိုး​တွေ ရှိတယ်လို့​ ဟိုင်မိုအလုပ်သား​ခေါင်း​ဆောင်က ​ပြောပါတယ်။

ကိုရီး​ယား​ပိုင် ဝိုင်​ဂျေ အထည်ချူပ်စက်ရုံမှာ​တော့​ စက်ရုံပိုင်ရှင်​တွေက ၂ ​သောင်း​ကျော်အထိ တိုး​ပေး​လိုက်ပြီး​ ၂ ​သောင်း​ကျော် လိုလား​သူ​တွေက အလုပ်ရှင်နဲ့​ စာချုပ်ချုပ်ခဲ့​တယ်လို့​ အလုပ်သမား​တဦး​က ​ပြောပါတယ်။ ဒါ​ပေမယ့်​ ဒါကို လက်မခံတဲ့​သူ​တွေက​တော့​ အလုပ်ရှင်နဲ့​ အဆင်မ​ပြေ​သေး​ဘူး​လို့​ ​ပြောပါတယ်။

တော်ဝင်နှင်း​ဆီ အထည်ချုပ်စက်ရုံက အလုပ်သမား​ ၄၀၀ ​လောက်ကလည်း​ အ​ခြေခံလစာတိုး​မြှင့်​ရေး​အတွက် ဒီ​နေ့​ စပြီး​ ဆန္ဒပြ​နေတယ်လို့​ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​ပေး​သူတဦး​က ​ပြောပါတယ်။

ဒါ့​အပြင် ပြီး​ခဲ့​တဲ့​ အပတ်ကတည်း​က ဆန္ဒပြ​နေတဲ့​ မြန်မာပုလဲ အထည်ချုပ်စက်ရုံက အလုပ်သမား​တွေဟာ သူတို့​ ​တောင်း​ဆိုထား​တဲ့​အတိုင်း​ မ​ပေး​တဲ့​အတွက် ၈ မိုင်ရုံး​ကို လမ်း​လျှောက်ချီတက်ခဲ့​တယ်လို့​ ဆိုပါတယ်။

အလုပ်သမား​နဲ့​ အလုပ်ရှင်​တွေအကြား​မှာ ကြံ့​ခိုင်​ရေး​ပါတီက အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်သူ​တွေ လာ​ရောက်ညှိနှိုင်း​ပေး​တယ်လို့​ အလုပ်သမား​တဦး​က ​ပြောပါတယ်။

“အလုပ်သမား​ အဖွဲ့​အစည်း​က​တော့​ လာတယ်။ ကြံ့​ခိုင်​ရေး​က လာတယ်။ အဲဒီအဖွဲ့​ကလာညှိတာက တိုး​ပေး​လို့​မရဘူး​။ ဒီ​လောက်နဲ့​ အဆင်​ပြေ​ပေး​ကြပါဆိုပြီး​ အလုပ်သမား​တွေကို​ပြောတယ်။ အလုပ်သမား​တွေဘက်က လက်မခံဘူး​။ အရင်က သုံး​သောင်း​တောင်း​တာ သူတို့​က တ​သောင်း​ခွဲ​လောက်နဲ့​ လက်ခံ​ပေး​ကြပါ။ အလကား​ရတာပဲ၊​ သူတို့​က အလုပ်ရှင်​တွေဘက်က ​ပြော​ပေး​တာမျိုး​ပဲရှိတယ်။”

အလား​တူ တိုက်ကြီး​မြို့​နယ်က MGE အထည်ချုပ်စက်ရုံက အလုပ်သမား​ ၄၀၀ ​လောက်ဟာလည်း​ အလုပ်ခွင်အတွင်း​မှာ ဖိအား​ပေး​ခိုင်း​စေမှု​တွေ အခွင့်​အ​ရေး​ချိုး​ဖောက်ခံ ရမှု​တွေရပ်ဖို့​နဲ့​ အ​ခြေခံလစာကို ၁ ​သောင်း​ တိုး​ပေး​ဖို့​ ​တောင်း​ဆိုထား​ရာမှာ အလုပ်ရှင်ဘက်က ၆ ​ထောင်ပဲ တိုး​ပေး​တဲ့​အ​ပေါ် ညှိနှိုင်း​မရဖြစ်​နေတဲ့​အတွက် ဆက်ပြီး​ ဆန္ဒပြကြပါတယ်။

၅ ရက်တိုင် ဆန္ဒထုတ်​ဖော် ​တောင်း​ဆို​ပေမယ့်​ အလုပ်ရှင်ဘက်က အ​ခြေခံလစာနဲ့​ ပတ်သက်ပြီး​ လိုက်​လျောတာမရှိတဲ့​အတွက် အစာငတ်ခံ ဆန္ဒပြမယ်လို့​ Yangon Crown သံမဏိစက်ရုံမှ အလုပ်သမား​တွေက ရန်ကုန်တိုင်း​မ် ဂျာနယ်ကို ​ပြောကြား​ခဲ့​ပါတယ်။

ဆန္ဒပြစက်ရုံ​တွေမှာ ဆက်ပြီး​ ဆန္ဒပြ​နေတဲ့​အချိန်မှာ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်​ဆောင်​တွေကလည်း​ ဆန္ဒပြ​နေတဲ့​အလုပ်ရုံ​တွေကို သွား​ရောက်ပြီး​ အလုပ်သမား​တောင်း​ဆိုချက်ရရှိ​အောင်နဲ့​ အလုပ်ရှင်ဘက်ကလည်း​ မထိခိုက်ရ​လေ​အောင် သွား​ရောက်အား​ပေး​ခဲ့​သလို၊​ ကမ္ဘာ့​အလုပ်သမား​ အဖွဲ့​ချုပ်၊​ လူ့​အခွင့်​အ​ရေး​ကော်မရှင်၊​ အလုပ်သမား​ဝန်ကြီး​ ဌာန​တွေဆီကို စာ​ရေး​ပြီး​ ဆန္ဒပြအလုပ်သမား​ကိစ္စ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ ညှိညှိနှိုင်း​နှိုင်း​နဲ့​ ​ဖြေရှင်း​ဖို့​ ​တောင်း​ဆို​နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013