DVB Logo
Home
မြန်မာသတင်း
တရုတ်သံအမတ်ကြီးနှင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ တံခါးပိတ်ဆွေးနွေး
DVB
·
March 14, 2018
တရုတ်သံအမတ်ကြီးနှင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ တံခါးပိတ်ဆွေးနွေး
1 / 5
Donate to DVB

 

မတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်ကစတင်ကာ တရုတ်သံအမတ်ကြီး ဟုန်လျန်ဦးဆောင်တဲ့အဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့တို့ တိုင်းအစိုးရရုံးမှာ ၁နာရီကျော်ကြာ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး၊ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းကိစ္စ၊ သစ်သီးဝလံ၊ ဆတ် ကုန်သွယ်ရေးကိစ္စ၊ ကြေးနီစီမံကိန်းအပါအဝင် သတ္တုတွင်းကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရုတ်သံအမတ်ကြီးကို မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

တရုတ်သံအမတ်ကြီးနဲ့အဖွဲ့က မနက်ပိုင်းမှာ ကြေးနီစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ရွာသစ်တွေကို သွားရောက်ပြီး ဒေသခံအချို့နဲ့ တွေ့ဆုံမေးမြန်းတာတွေလည်း ပြုလုပ်ခဲ့ပါသေး တယ်။ ဒါ့အပြင် ကြေးနီစီမံကိန်းတွေကိုလည်း သွားရောက်ကြည့်ရှုဦးမယ်ခို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013