DVB Logo
Home
မြန်မာသတင်း
အိမ်အကူကို ၈ နှစ်ကြာ ပိတ်လှောင်နှိပ်စက်ခဲ့သည့် အိမ်ရှင် ၂ ဦးကို ချုပ်မိန့်ရမန် ထပ်ပေး
DVB
·
March 14, 2018
အိမ်အကူကို ၈ နှစ်ကြာ ပိတ်လှောင်နှိပ်စက်ခဲ့သည့် အိမ်ရှင် ၂ ဦးကို ချုပ်မိန့်ရမန် ထပ်ပေး
Donate to DVB

 

အိမ်အကူကို တိုက်အတွင်း ၈ နှစ်ကြာ ပိတ်လှောင်နှိပ်စက်ခဲ့တဲ့ အိမ်ရှင်အမျိုးသမီး ၂ ဦးကို ချမ်းမြသာစည်​မြို့နယ်​ တရားရုံးမှာ ဒုတိယအကြိမ်​ ချုပ်​မိန့်​ရမန်​ကို မတ်​လ ၂၆ ရက်​အထိ ထပ်​မံ​ပေးလိုက်​ပါတယ်​။

မန္တလေးမြို့ ချမ်းမြသာစည်မြို့ နယ်ရှိ နေအိမ်မှာ လုပ်ကိုင်တဲ့ အသက် ၂၅ နှစ်အရွယ် အိမ်အကူအမျိုးသမီးကို နေအိမ်တိုက်အတွင်း ပိတ်လှောင်ကာနှိပ်စက်ခဲ့မှုနဲ့ အိမ်ရှင်အမျိုးသမီး ၂ ဦးကို အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပါတယ်​။

ချမ်းမြသာစည်​မြို့နယ်​ တရားရုံး သတင်းပြန်​ကြား​ရေးအရာရှိ ဦး​ကျော်​စွာလင်းက “ချမ်းမြသာစည်​မြို့နယ် ​​အောင်​ပင်​လယ်​ရဲစခန်းက​နေပြီး ချုပ်​မိန့်​​တောင်းခံလာတဲ့အ​ပေါ် မတ်​လ ၁ ရက်​​နေ့က​နေစပြီး စွပ်​စွဲခံရသူနှစ်​ဦးကို ချုပ်​ထားပြီး ရမန်​​တောင်းတယ်။ ကျ​နော်​တို့ ၁ ရက်​​နေ့က​နေ စပြီး​ပေးခဲ့တယ်။ ဒီ​နေ့မှာ ဒုတိယအကြိမ်​ ရမန်​​ပေးတာပါ။ ၂၆ ရက်​​နေ့​ထိ ဒုတိယ အကြိမ်​ ရမန်​​ပေးလိုက်​ပြီး ဒုတိယအကြိမ်​ ရမန်​ပြည့်ရင်​​တော့ တရားရုံးရဲ့ လုပ်​ထုံးလုပ်​နည်းအရ စီရင်​ပိုင်​ခွင့်ရှိတဲ့ တရားရုံးမှာ စွပ်​စွဲခံရသူ ၂ ​ဦးကို တရားစွဲဆိုသွားမှာပါ။ စွဲဆိုထားတဲ့ပုဒ်​မက​တော့ လူကုန်​ကူးမှု တားဆီးကာကွယ်​​ရေး ဥပ​ဒေပုဒ်​မ ၂၄/၃၂ နဲ့ အိမ်​ရှင်​ ​ဒေါ်နီနီနုနွယ်​ရယ် ​​ဒေါ်မိုးမိုးရယ်​ကို တရားစွဲဆိုထားတာပါ” လို့ ပြောပါတယ်။

“ပုဒ်​မ ၂၄ က​တော့ ​ထောင်​ဒဏ် ​၁၀ နှစ်​က​နေပြီး တသက်​တကျွန်းအထိ ရှိတယ်​၊ ပုဒ်​မ ၃၂ က အား​ပေးကူညီတာလည်း မူလကျူးလွန်​တဲ့ပြစ်​ဒဏ်​နဲ့ အတူတူပဲ၊ အိမ်​ဖော်​က​လေးမ​လေး အ​နေနဲ့ ကျ​နော်​တို့ရုံးကို တရားစွဲဆိုတင်​ပို့လာတာတို့ ချုပ်​မိန့်​​တောင်းတာတို့ ဘာမှမရှိ​သေးပါဘူး။ အခု​လော​လောဆယ်​မှာ​တော့ လူကုန်​ကူးမှု တားဆီးကာကွယ်​​ရေးဥပ​ဒေပုဒ်​မ ၂၄/၃၂နဲ့ဘဲ စွဲဆိုထားတယ်။ ​မြို့နယ်​တရားရုံးက ​ထောင်​ဒဏ်​ (၇)နှစ်​အထိဘဲ ချမှတ်​ခွင့် ရှိတယ်​။ ဒီပုဒ်မရဲ့ပြစ်ဒဏ်က ၁၀ နှစ်​က​နေ တသက်​တကျွန်းဆို​တော့ ကျ​နော်​တို့ရဲ့ စီရင်​ပိုင်​ခွင့်ထဲမှာ မရှိဘူး။ အဲဒါ​ကြောင့် သူနဲ့သက်​ဆိုင်​ရာ ခရိုင်​တရားရုံးကိုစွဲဆိုနိုင်​ရန်​ ခရိုင်​တရားရုံးက မတ်​လ ၂၆ ရက်​​နေ့ကစတင်​ပြီး စစ်​​ဆေးသွားမှာဖြစ်တယ်​”လို့ ချမ်းမြသာစည်​မြို့နယ်​ တရားရုံး သတင်းပြန်​ကြား​ရေး အရာရှိ ဦး​ကျော်​စွာလင်းက ဆက်လက်​ပြောပါတယ်​။

 အိမ်​​ဖော်​မ​လေးကို အက်​စစ်​နဲ့ပက်​ခဲ့တဲ့အ​ပေါ် လူကုန်​ကူးမူတားဆီးကာကွယ်​​ရေးဥပ​ဒေ ပုဒ်​မ ၂၄/၃၂ အမှုဖွင့်ထားခဲ့ပါတယ်​။

မန္တလေးတိုင်းဒေသကြီးမှာ ၂၀၁၈ ဖေဖော်ဝါရီအထိ လူကုန်ကူးမှု ၅ မှုဖြစ်ပွားခဲ့ပြီး ပြည်တွင်းမှာ ပြည့်တန်ဆာအဖြစ် စေခိုင်းမှု ၂ မှု၊ တရုတ်နိုင်ငံမှာ တရုတ် အမျိုးသားနှင့် အဓမ္မလက်ထက် စေခိုင်းမှု သုံးမှုရှိပြီး တရားခံ ၁၂ ဦးရှိရာ ခုနစ်ဦးကိုသာ ဖမ်းဆီးရမိ ထားကြောင်း အမှတ်(၁၁)လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး) မှတ်တမ်းတွေမှာ​ ဖော်​ပြထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013