DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများအား အလုပ်အကိုင်ဖန်တီးပေးမည့် လုပ်ငန်းရှင်များ အခွန်ကင်းလွတ်ခွင့်ရရေး လုပ်နေ
DVB
·
March 14, 2018
မသန်စွမ်းသူများအား အလုပ်အကိုင်ဖန်တီးပေးမည့် လုပ်ငန်းရှင်များ အခွန်ကင်းလွတ်ခွင့်ရရေး လုပ်နေ
Donate to DVB

မသန်စွမ်းသူတွေအတွက် အလုပ်အကိုင် ဖန်တီးပေးမယ့် လုပ်ငန်းရှင်တွေကို အခွန်ကင်းလွတ်ခွင့်ရဖို့ ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက ပြောပါတယ်။

မသန်စွမ်းသူတွေကို ရာခိုင်နှုန်းအလိုက် အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေကို အခွန်လျှော့ပေးနိုင်ဖို့နဲ့ အခွန်ကင်းလွတ်ခွင့်ပေးနိုင်အောင် ဥပဒေ ပြဋ္ဌာန်း ဆောင်ရွက်နေတယ်လို့  မတ်လ ၁၃ ရက်နေ့က ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်မှာ ၂ ရက်ကြာ ပြုလုပ်တဲ့ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်မှုဆိုင်ရာ သင်တန်းနဲ့ ရပ်ရွာအတွင်း မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ UNCRPD ဆိုင်ရာ သင်တန်းမှာ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်​ဦးစီးမှူးက ပြောပါတယ်။

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းက “နောင်တချိန်မှာ မသန်စွမ်းဥပဒေနဲ့ပတ်သက်လာရင် သူတို့ကို ကုမ္ပဏီကသော်လည်းကောင်း၊ လုပ်ငန်းရှင်တွေကသော် လည်းကောင်း ပူးပေါင်းဆောင်ရွက်ပြီးမှ အလုပ်အကိုင် အခွင့်အရေးတွေ ဖန်တီးပေးနိုင်တာနဲ့အမျှ၊ တဖက်ကလည်း ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေကို အခွန်လျှော့ပေးတာတွေ၊ အခွန်ကင်းလွတ်ခွင့်ပေးတာတွေ ဒါမျိုးတွေကို ဥပဒေမှာ ပြဋ္ဌာန်းဆောင်ရွက်နေတယ်ဆိုတာ သိရှိတောင် တင်ပြလိုပါတယ်” လို့ ပြောပါတယ်။

မသန်စွမ်းသူတွေကို လူမှုဝန်ထမ်းဦးစီးဌာနက လုပ်ကိုင်​ ဆောင်ရွက်​ပေးသွားမယ့် မဟာဗျူဟာတွေကို သိရှိပြီး မိမိတို့ ဌာနအလိုက်ဥပဒေနဲ့ အညီအကောင်အထည်ဖော်ပေးနိုင်ဖို့၊ ဌာနဆိုင်ရာတွေက ခွဲခြားဆက်ဆံမှုတွေ မပြုဖို့၊ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဗဟုသုတတွေ ရရှိပြီး လူမှုအသိုင်းအဝိုင်းအတွင်း ကာကွယ်စောင့်ရှောက်မှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနိုင်ဖို့ သင်​တန်းကို ရည်ရွယ်ဖွင့်လှစ်တာပါ။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်းရေးမှူး Ms,DONA O’ REGAN က “မိုင်းထိတဲ့သူက သူနဲ့သက်ဆိုင်တဲ့ မိသားစု၊ သူနဲ့သက်ဆိုင်တဲ့ မိုင်းရှိတဲ့ သံသယရှိတဲ့နယ်မြေမှာရှိတဲ့ လူတွေဆိုလည်း သွယ်ဝိုက်ပြီး ထိခိုက်ခံရတာ ဖြစ်တယ်။ မိုင်းကြောင့် ဆုံးရှုံးတယ်။ မိုင်းရှိတဲ့ သံသယရှိတဲ့နယ်မြေမှာ သူတို့ စားဝတ်နေရေးအတွက် သွားရတဲ့အခါမှာ သူတို့အတွက် ဆုံးရှုံးမှုတွေ ရှိတယ်၊ စိတ်ပိုင်းဆိုင်ရာလည်း မလုံခြုံဘူး။ ထိခိုက်မှုတွေရှိတဲ့အခါ Victim Restistance လို့ ပြောတဲ့အခါမှာ တိုက်ရိုက်ထိခံရတဲ့သူရော၊ သွယ်ဝိုက်ထိခံရတဲ့ မိသားစုရော၊ သူတို့နဲ့ သက်ဆိုင်တဲ့ လူမှုအသိုင်းအဝိုင်းကိုပါ ထိခိုက်ပါတယ်” လို့ ပြောပါတယ်။

မိုင်းအန္တရာယ်ကြောင့် ၂၀၁၆ ခုနှစ်မှာ မိုင်းထိခိုက်မှုအကြိမ် ၉၃ ကြိမ်၊ ဒဏ်ရာရရှိသူ ၁၂၀ ဦး၊ သေဆုံးသူ ၄၃ ဦးထိ ရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ မိုင်းထိခိုက်မှု ၈၂ ကြိမ်၊ ဒဏ်ရာရရှိသူ ၈၉ ဦး၊ သေဆုံးသူ ၃၇ ဦးထိရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၃ ဦးမှာ ၁ ဦးက ကလေးသူငယ်တွေ ဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်ခေါင်းစာရင်းအရ မသန်စွမ်း သူစုစုပေါင်း လူဦးရေ ၅၁ သန်းမှာ မသန်စွမ်းမှု ၄ ဒသမ ၆ ရာခိုင်နှုန်း၊ လူဦးရေအရ ၂ ဒသမ၃ သန်းက မသန်စွမ်းမှု အမျိုးမျိုးကို ခံစားနေရပြီး၊ အမြင်အာရုံ ချို့ယွင်းသူ ၅၄ ဒသမ ၁ ရာခိုင်နှုန်း၊ ပစ္စည်းကိုင်တွယ်ဖို့ ခက်ခဲသူ ၄၁ ဒသမ ၁ ရာခိုင် နှုန်း၊ ဉာဏ်ရည်မမီသူ ၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အကြားအာရုံ ချို့ယွင်းသူ ၂၉ ဒသမ ၁ ရာခိုင်နှုန်း ရှိပါတယ်​။

မသန်​စွမ်းမှုအနည်းဆုံး ခံစားရတဲ့သူတွေ အလုပ်အကိုင်ရရှိမှု အခြေအနေက ၇၄ ဒသမ ၈ ရာခိုင်နှုန်းဟာ အလုပ်အကိုင် ဖန်းတီးပေးနိုင်တယ်လို့ တာဝန်​ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013