DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 14, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၈,၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲအသစ် တအိတ်ကို ၄၂,၀၀၀ ကျပ်မှ ငွေကျပ် ၄၆,၀၀၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှု မရှိပါဘူး။  ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၇,၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၂၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၅,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ V2 က  ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၃,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၂,၆၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၉၀၀ ကျပ် ဈေးကွာခြား မှုရှိပါတယ်။

ဆန်ပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ဆန်ပြောင်းက တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၁,၀၀၀ ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၉,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
ပခုက္ကူကုန်စည်ဒိုင်မှာ ပဲဇီးကွက်က တတင်းကို ငွေကျပ် ၂၈,၆၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၇,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တတင်းကို ၁,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၃၀၀ ကျပ်ကနေ ၈၂၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၃၀၀ ကျပ်ကနေ ၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၂၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါ သီးနှံတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးအနည်းငယ် ပြန်တက်လာပေမယ့် လက်ရှိမှာတော့ ဈေးက တဖြည်းဖြည်း ပြန်ကျဆင်းသွားပါတယ်။

မတ်ပဲ၊ ပဲစင်းငုံနီတွေဟာ ပုံမှန်ဝယ်လက်တွေ ရှိပေမယ့် တောင်သူတွေက ဈေးစောင့်နေတဲ့အတွက် အရောင်းနည်းခဲ့လို့ ဈေးက ပြန်လည် ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာ ပဲစင်းငုံနီက အသစ်တွေ ထွက်လာပြီး အဟောာင်းထက် ဈေးများနေတဲ့အတွက် လက်ကျန်ပဲတွေက ဈေးကျဆင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

အဝယ်ရှိရင် ဈေးအနည်းငယ်တက်ပြီး အဝယ်နည်းရင် ဈေးပြန်ကျဆင်းတာဖြစ်လို့ တတင်းကို ရာဂဏန်းလောက်သာ အတက် အကျ ရှိနေတာလည်း ဖြစ်ပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013