DVB Logo
Home
မြန်မာသတင်း
“မုဒြာရဲ့ခေါ်သံ” ဇာတ်ကားအပေါ် ဒါရိုက်တာကြီး ဦးဝင်းဖေ၏ သုံးသပ်ချက် (ရုပ်သံ)
DVB
·
March 14, 2018
“မုဒြာရဲ့ခေါ်သံ” ဇာတ်ကားအပေါ် ဒါရိုက်တာကြီး ဦးဝင်းဖေ၏ သုံးသပ်ချက် (ရုပ်သံ)
Donate to DVB

နိုင်ငံတကာရုပ်ရှင်ပွဲတော် ၉ ခုမှာ ပြသခွင့်ရရှိခဲ့ပြီး ဆု ၂ ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ “မုဒြာရဲ့ခေါ်သံ” (Mudras Calling) ရုပ်ရှင်ဇာတ်ကားကို အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ မတ်လ ၁၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကို ၂၀၁၄ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာပြည်မှာ ရုံတင်ပြသနိုင်ဖို့အတွက် ၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကိုတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီက ပုံဖော်ရိုက်ကူးထားတာပါ။

“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားအပေါ် စွယ်စုံရ အနုပညာရှင်လို့ လူသိများတဲ့ ရုပ်ရှင်ဒါရိုက်တာကြီး ဦးဝင်းဖေက ကွာလတီအရရော၊ အကြောင်းအရာအရရော အတော်ကောင်းမွန်ကြောင်း ပြောပါတယ်။

ဦးဝင်းဖေရဲ့ သုံးသပ်ချက်အပြည့် ရုပ်သံကြည့်ရှုရန်...

ရုပ်သံ - Mudras Calling

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013