DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် လူ ၂၇ ဦးထံမှ လိမ်လည်ငွေတောင်းယူခဲ့သူကို အမှုဖွင့်
DVB
·
March 14, 2018
ပြည်မြို့တွင် လူ ၂၇ ဦးထံမှ လိမ်လည်ငွေတောင်းယူခဲ့သူကို အမှုဖွင့်
Donate to DVB

တပ်မတော် ဗိုလ်ကြီးတွေက လုပ်ခိုင်းတာဆိုပြီး လူ ၂၇ ဦးထံကနေ ငွေကျပ် ၁၅၀၀၀ စီ တောင်းယူသွားတဲ့သူကို လိမ်လည်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

ထုံးဘို၊ ကမြိုင်၊ အမှတ် (၅) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးတပ် (က.ပ.စ) ကနေ ၂၀၂၀ မှာ ပင်စင်ယူတော့မယ့် ဗိုလ်ကြီးတွေ စုပြီး ငွေချေးလုပ်ငန်းလုပ်မှာ ဖြစ်ကြောင်းနဲ့ အဲဒီကနေ တယောက်ကို ၁၅ သိန်းကျပ်စီ ငွေချေးမယ်။ စာချုပ်ဖိုး၊ ရှေ့နေခအနေနဲ့ တယောက်ကို ၁၅၀၀၀ ကျပ်စီကို တောင်းယူခဲ့ကြတာပါ။

သူတို့ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက ငွေကောက်ယူသွားပြီးပေမယ့် ငွေချေးမယ်ဆိုတဲ့ သတ်မှတ်ရက် ကျော်လာတဲ့တိုင်အောင် မရရှိတဲ့အတွက် မြို့မရဲစခန်းမှာ လိမ်လည်မှုနဲ့ အမှုဖွင့်ခဲ့ကြပါတယ်။

ပြည်မြို့နေ အမှုဖွင့်တိုင်ကြားသူ ဒေါ်တင်တင်ဝင်းက “စစ်တပ်က ဗိုလ်ကြီးတွေက ၂၀၂၀ မှာ ပင်စင်ယူတော့မယ်။ အငြိမ်းစားဗိုလ်ကြီးတွေက ငွေမည်းကနေ ငွေဖြူလုပ်မှာဆိုပြီးတော့ ၁၅ သိန်း ချေးမယ်ဆိုပြီး လာပြောသွားတယ်” လို့ ပြောပါတယ်။

မတ်လ ၁၃ ရက်နေ့မှာ အခုလို ငွေကြေး လိမ်လည်ကောက်ခံမှု ခံခဲ့ရသူပေါင်း ၂၇ ယောက်က မြို့မစခန်းမှူးဆီကို လက်မှတ်ထိုး တိုင်ကြားခဲ့ပါတယ်။

ပြည်မြို့ ဆင်ဆုရပ်ကွက်နေ ဒေါ်အေးအေးမော်က “ကျမတို့က ဘာလို့တိုင်လဲဆိုတော့ တယောက်ကို ၁ သောင်းခွဲ ပေးရတယ်။ ကျမတို့လို လူတွေ အလိမ်ခံရမှာစိုးလို့ စခန်းမှာ လာပြီး တိုင်ကြားတာပါ။ ထိထိမိမိ အရေးယူပေးပါ” လို့ ပြောပါတယ်။

အဲဒီအမှုကို လိမ်လည်မှုနဲ့ လက်ခံအမှုဖွင့်ပေးခဲ့တယ်လို့ မြို့မရဲစခန်းမှူးမြင့်ဇော်က ပြောပါတယ်။

“ဒေါ်တင်တင်ဝင်း အပါအဝင် ၂၇ ဦးက ငွေ ၁၅၀၀၀ ကျပ်စီကို မခင်မာမာဝင်း(ခ)မမာမာကို ၂၉ ရက်၊ ၂ လ၊ ၂၀၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ စုပြီးပေးခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ် ၁ လပိုင်းကျတော့ ငွေချေးရမယ့်အချိန်လည်း ရောက်ရော မခင်မာမာဝင်းက ရှင်တို့မှာ လုပ်ငန်းပြစရာမရှိရင် ငွေချေးလို့ရမှာမဟုတ်ဘူးလို့ ပြောဆိုတဲ့အပြင် သူ့ကို ပေးထားတဲ့ ငွေ ၁၅၀၀၀ ကျပ်စီကိုလည်း ပြန်တောင်းလို့ မရတော့ပါဘူးတဲ့။ အဲဒီအတွက်ကို ၂၇ ဦးရဲ့ကိုယ်စား ဒေါ်တင်တင်ဝင်းက သူတို့ဆီကနေ ယုံကြည်အောင် လိမ်လည်ပြောဆိုပြီး ငွေရယူခဲ့တဲ့ ဒေါ်ခင်မာမာဝင်း(ခ)မမာမာကို ဥပဒေအရ အရေးယူပေးရန် လာရောက်တိုင်တန်းတဲ့အတွက် ကျနော်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ နဲ့ အမှုရေးဖွင့် တိုင်တန်းတဲ့အမှု ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့လလောက်ကတည်းက ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး တရားမဝင် ငွေချေးငှားတာတွေ ဖြစ်ပေါ်နေခဲ့ကြပါတယ်။

ငွေချေးယူမယ့်သူတွေက ဖောင်တစောင်ကို ၂၀၀၀၀ ကျပ်၊ ၁၅၀၀၀ ကျပ်တွေနဲ့ ဝယ်ယူရပြီး နောက်ပိုင်းမှာ လိမ်လည်ခံရတာကို သိကြပေမယ့် အခုလို အမှုလာဖွင့် တိုင်ကြားတာတော့ မလုပ်ကြပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငွေချေးမယ်ဆိုပြီးလည်း ဖြစ်လာတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013