DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးအား တရားစွဲဆိုထားမှု ချက်ချင်းရပ်တန့်ပေးရန် ICJ တိုက်တွန်း
DVB
·
March 14, 2018
ရိုက်တာသတင်းထောက် ၂ ဦးအား တရားစွဲဆိုထားမှု ချက်ချင်းရပ်တန့်ပေးရန် ICJ တိုက်တွန်း
Donate to DVB

နိုင်ငံတော်လျှို့ဝှက်ချက်အမှုနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေ ကို စွဲချက်တွေကနေ ချက်ချင်းရပ်တန့်ပြီး လွှတ်ပေးဖို့ ICJ အဖွဲ့က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီနေ့ ၉ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်အဖွဲ့ (ICJ) က လာရောက်ဝန်းရံခဲ့ပါတယ်။

ရုံးထုတ်ပြီးတဲ့အချိန်မှာ ICJ အဖွဲ့ရဲ့ နိုင်ငံတကာဥပဒေရေးရာ အကြံပေးပညာရှင် Sean Bainက "လျှို့ဝှက်အမှုနဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ်အရွယ် သတင်းသမားလေး နှစ်ဦးဟာ သတင်းစုံစမ်းဖော်ထုတ်မှုပြုလုပ်ဖို့ သတင်းသမားတွေ တာဝန်အတိုင်း သူတို့ရဲ့အလုပ်ကိုပဲ လုပ်ကိုင်ခဲ့ကြတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေကို ချက်ချင်းရပ်တန့်ပေးသင့်တယ်” လို့ ပြောဆိုလိုက်ပါတယ်။

“အခုအမှုဟာ မြန်မာနိုင်ငံမှာ မျှတတဲ့ တရားခွင်ဆိုင်ရာ အခွင့်အရေးတွေကို လိုက်နာမှု မရှိတာကို ဥပမာအနေနဲ့ ပြသနေတာ ဖြစ်တယ်။ သူတို့နှစ်ဦးကို ကနဦး ထိန်းသိမ်းထားခဲ့တုန်းကလည်း ရှေ့နေနဲ့ လက်လှမ်းမီ ဆက်သွယ်ခွင့်မရှိခဲ့တဲ့ ဖြစ်ပုံကိုက လွှတ်ပေးဖို့ သင့်တော်တဲ့ အကြောင်းပြချက်တခု ဖြစ်တယ်” လို့ Sean Bain က ဆက်ပြောပါတယ်။

တရားလိုရှေ့နေတွေအနေနဲ့လည်း စွပ်စွဲချက်တွေ မှန်ကန်မှုမရှိတဲ့အကြောင်းကို သိသာ ထင်ရှားလာတဲ့ အချိန်မှာ တရားစွဲဆိုမှုကို ရုပ်သိမ်းပေးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ရိုက်တာသတင်းသတင်းထောက်တွေကို ဒီကနေ့ ရုံးထုတ်ပြီးတဲ့အချိန်အထိ တရားလိုပြ သက်သေ ၂၅ ဦးထဲက ၁၂ ဦးအထိ စစ်ဆေးပြီးခဲ့တာကြောင့် တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တာ အမှုရုပ်လုံးပေါ်လာသလို ထက်ဝက်လောက် ပြီးခဲ့ပြီလို့လည်း ရိုက်တာသတင်းထောက်တွေရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ပြောဆိုလိုက်ပါတယ်။

အမှုကို လာမယ့် မတ် ၂၁ ရက်နေ့ ထပ်မံချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013