DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်ပေါ်မှ အမုန်းတရား လှုံ့ဆော်မှုများရှိနေဟု ကုလ သတိပေး
DVB
·
March 14, 2018
မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်ပေါ်မှ အမုန်းတရား လှုံ့ဆော်မှုများရှိနေဟု ကုလ သတိပေး
Donate to DVB

 

    မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး အမုန်းတရား လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ အကြီးတန်းတာဝန်ရှိသူတွေက မတ်လ ၁၂ ရက်နေ့က သတိပေးပြောကြားလိုက်ပါတယ်။

    လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အသုံးပြုပြီး​​ ရိုဟင်ဂျာ လူနည်းစုတွေအပေါ် အမုန်းတရားတွေ လှုံ့ဆော်နေကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။

“ဖေ့စ်ဘွတ်ခ်ကို လူတွေအချင်းချင်းကြားမှာ ချိတ်ဆက်နွှယ်ဖို့ သုံးတယ်ဆိုပေမယ့် ဗုဒ္ဓဘာသာဝင် အစွန်းရောက် မျိုးချစ်တွေဟာ ရိုဟင်ဂျာတွေ၊ တခြား တိုင်းရင်းသား လူနည်းစုတွေ အပေါ်မှာ မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေကြတာပါ။ ဖေ့စ်ဘွတ်ခ်ကို အရင်က ရည်ရွယ်ထားတာထက် ခုတော့ သုံးရတာ မကောင်းဆိုးဝါးလိုပဲ ထိတ်လန့်ကြောက်ရွံ့စရာ ဖြစ်လာနေပြီ"

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက်ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မာဇူကီ ဒါရူးစ်မန်ကလည်း မြန်မာနိုင်ငံတွင်း အမုန်းစကားတွေ ပြန့်ပွားနေမှုမှာ ဖေ့စ်ဘွတ်ခ်က အဓိက နေရာကနေ ပါဝင်နေတယ်လို့ ပြောဆိုခဲ့တာပါ။

ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတွေကတော့ ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ဒီပြောကြားမှုအပေါ် အမုန်းတရားတွေ ဖြန့်ချိလှုံ့ဆော်မှုတွေကို နည်းပညာကျွမ်းကျင်သူပညာရှင်တွေရဲ့ အကူအညီနဲ့ တားဆီးနိုင်ဖို့ ကြိုးစားသွားမယ်ဆိုပြီး အေအက်ဖ်ပီသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013