DVB Logo
Home
မြန်မာသတင်း
ရှမ်းနှင့်တအာင်း တပ်တို့ တိုက်ပွဲဆက်ဖြစ်၊ ဒေသခံ ရာချီထွက်ပြေး
DVB
·
March 14, 2018
ရှမ်းနှင့်တအာင်း တပ်တို့ တိုက်ပွဲဆက်ဖြစ်၊ ဒေသခံ ရာချီထွက်ပြေး
Donate to DVB

 

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်မှာ ရှမ်းပြည်တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ မနေ့က တိုက်ပွဲတွေ ထပ်ဖြစ်နေလို့ ဒေသခံ ရာချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မတ်လ ၁၂ ရက်နေ့က နာဆိုင်းရွာအနားနဲ့ မန်ဖာအပေါ်ရွာမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး ၁၃ ရက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တာပါ။

မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်ကလည်း ​ ပန်​ကွတ်​နားတီးရွာအနီး မိုင်း​ဟွေရွာကို သွားတဲ့လမ်းမှာ တိုက်ပွဲတွေဖြစ်လို့ အဲဒီနေရာဝန်းကျင်မှာရှိတဲ့ ပန်ကွတ်၊ ပန်ဆော့၊ နားတီး၊ မိုင်းဟွေ စတဲ့ ရွာ ၆ ရွာက လူပေါင်း ၃၀၀ ကျော် နမ္မတူမြို့နားမှာရှိတဲ့ မန်စံရွာ ဘုန်းကြီးကျောင်းကို တိမ်းရှောင်ခဲ့ရပါတယ်။

မနေ့ကတော့ အဲဒီလူတွေ နမ္မတူမြို့ပေါ်ကို ပြောင်းရွှေ့သွားပါတယ်။ ရွာတချို့က လူတွေကတော့ တိုက်ပွဲနဲ့ဝေးတာ၊ တိုက်ပွဲမရှိတော့တာကြောင့် သူတို့ရွာတွေကို ပြန်သွားတယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်တွေကို လိုက်လံကူညီပေးနေတဲ့ ဒေသခံတယောက်က  “မနေ့က မွန်းလွဲ ၂ နာရီခွဲလောက်က မန်စံရွာ မြောက်ဘက် နမ့်ပိုင်ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ နမ့်ပိုင်ရွာနဲ့ ပိန်းထွမ်ရွာတွေက ဒေသခံ အိမ်ထောင်စု ၆၀ ၊ လူပေါင်း ၁၁၄ ယောက် မန်စံဘုန်းကြီးကျောင်းကို ထွက်ပြေးလာကြတယ်” လို့ ပြောပါတယ်။

မတ်လ ၁၂ ရက်နေ့က နားဆိုင်း၊ မန်ဖာ၊ ပန်လွတ်၊ ၁၈ မိုင်ရွာနဲ့ ပန်ချင်ရွာတွေက ဒေသခံ ၆၀၀ လောက်ဟာလည်း လားရှိုးနဲ့ နမ္မတူမြို့ပေါ်ကို တိမ်းရှောင်ခဲ့ရသလို နမ္မတူမြို့နယ် မိုင်းမုရွာကို လူပေါင်း ၄၄၁ ယောက် ရောက်လာတယ်လို့လည်း စစ်ရှောင်တွေကို ကူညီနေသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက နမ္မတူမြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉၁၉ နဲ့ ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ပြီးတော့ နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်စပ်ကြားမှာလည်း တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - စိုင်းရန်ပြေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013