DVB Logo
Home
မြန်မာသတင်း
အဓိကမြစ်ချောင်းများအပေါ်တည်ဆောက်မည့် အကြီးစားရေကာတာကို ရပ်တန့်ရန် တောင်းဆို
DVB
·
March 14, 2018
အဓိကမြစ်ချောင်းများအပေါ်တည်ဆောက်မည့် အကြီးစားရေကာတာကို ရပ်တန့်ရန် တောင်းဆို
Donate to DVB

 

ပဋိပက္ခဖြစ်ပွားရာဒေသအတွင်းရှိ အဓိကမြစ်ချောင်းများနှင့် မြစ်လက်တက်များအပေါ် တည်ဆောက်မယ့် အကြီးစား ရေကာတာတွေကို ရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ မတ် ၁၄ ရက်နေ့ဟာ နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့ဖြစ်ပြီး ဒီနေ့အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံဖြစ်ချောင်းများကွန်ရက်က အခုလိုတောင်းဆိုလိုက်တာပါ။

ဒါ့အပြင် သံလွင်မြစ်ကို လွတ်လပ်စွာ ဆင်းခွင့်ပေးဖို့နဲ့ သံလွင်မြစ်ပေါ်က ရေကာတာ တည်ဆောက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ မြစ်ချောင်းအရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး သံလွင်မြစ်ပေါ်မှာ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ စွမ်းအင်ပင်မအစီစဉ်အရ ရေကာတာ ၅၀ ကျော် တည်ဆောက်ဖို့ လျာထားပြီး အဓိက သံလွင်မြစ်နဲ့ ဧရာဝတီဖြစ်တို့ရဲ့ မြစ်လက်တက်တွေအပေါ်မှာ ဖြစ်ပါတယ်။  

အဆိုပါ ရေကာတတွေဟာ ရေအားလျှပ်စစ်ထုတ်လုပ်မှု ၃၀၀၀ ကနေ ၄၆၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မှာဖြစ်ပြီး အစီအစဉ်မှာ ၂၀၃၀ အထိဖြစ်ပြီး ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အား အများစုကို တရုတ်၊ ထိုင်းနဲ့ တခြားနိုင်ငံကို ပို့ဆောင်ဖို့ ရှိနေတယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရေကာတာ ရင်နှီးမြှုပ်နှံမှုအစီအစဉ်ဟာ နိုင်ငံခြားတွဲဖက်စပ်လုပ်ငန်းတွေဖြစ်ပြီး အဆိုပါစီမံ ကိန်းတွေဟာ တိုင်းရင်းသားဒေသအတွင်း ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာဖြစ်တဲ့အပြင် အစိုးရတပ်ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်က စစ်တပ်အင်အား တိုးချဲထားတယ်လို့ ပြောပါတယ်။

ဒေသတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရတာ၊ လူ့အခွင့်အရေးချိုး ဖောက်ခံရတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးတာနဲ့ အသက်မွေးဝမ်းကြောင်း ထိခိုက်တာတွေ ဖြစ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်စနစ်မရရှိသေးသမျှ ရေကာတာစီမံ ကိန်းတွေကို ရပ်တန့်ဖို့လည်း မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013