DVB Logo
Home
မြန်မာသတင်း
ဆော်ဒီနိုင်ငံမှ မြန်မာ့ငါးတင်သွင်းမှု ရပ်ဆိုင်းထားသည့်ကိစ္စ အစိုးရချင်းညှိနှိုင်းမည်
DVB
·
March 14, 2018
ဆော်ဒီနိုင်ငံမှ မြန်မာ့ငါးတင်သွင်းမှု ရပ်ဆိုင်းထားသည့်ကိစ္စ အစိုးရချင်းညှိနှိုင်းမည်
Donate to DVB

 

ဆော်ဒီအာရေဗျနိုင်ငံက မြန်မာ့ငါးတင်သွင်းမှု ရပ်ဆိုင်းထားတဲ့ ကိစ္စကို အစိုးရချင်းညှိနှိုင်း ပေးသွားမယ်လို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။

အရှေ့အလယ်ပိုင်းဈေးကွက်ထဲက မြန်မာ့ငါးမြစ်ချင်းအဓိကတင်ပို့နေတဲ့ ဆော်ဒီအာရေဗျ နိုင်ငံက မြန်မာအပါအဝင် နိုင်ငံ ၃ နိုင်ငံက ငါးဝယ်ယူတင်သွင်းမှုကို ဧပြီ ၁ ရက်နေ့က စပြီး ယာယီရပ်ဆိုင်းမယ်လို့ ဆော်ဒီနိုင်ငံက ကြေညာထားပါတယ်။

ကျန်းမာရေးနှင့် သန့်ရှင်းမှုဆိုင်ရာ စံချိန်စံညွှန်းအကြောင်းပြပြီး ရပ်ဆိုင်းလိုက်တာပါ။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာ ထွန်းလွင်က “ဆော်ဒီက ပိတ်တာက အဓိကအားဖြင့် OIE Report အရ ပိတ်တာပေါ့။ အဲဒီ Report က အဟောင်း။ နောက် Report တွေမှာ သူတို့ပြောတဲ့ ရောဂါနဲ့ပတ်သက်တာ မတွေ့တော့ဘူး။ အဲဒါကိုပဲ ထောက်ပြီးတော့ သူတို့ကို ပြန်လည်စဉ်းစားပေးဖို့ ညှိမှာပေါ့နော်။ လက်ခံနိုင်လောက်မယ် ထင်ပါတယ်” လို့  ပြောပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “ဆော်ဒီက ဗီယက်နမ်စက်ရုံတွေကိုသွားစစ်ပြီး သူတို့သတ်မှတ်နဲ့မကိုက်ညီလို့ ရပ်ဆိုင်းလိုက်တယ်။ တဆက်တည်း သူတို့နိုင်ငံကို တင်သွင်းနေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကိုပါ ပိတ်လိုက်တယ်။ ဒါပေမယ့် ဘင်္ဂလားရှ်က သူ့တို့ကုန်တွေကိုစစ်ပါ။ ကုန်သွယ်မှုကိုမရပ်ဖို့ အစိုးရချင်း ညှိနှိုင်းနေတယ်” လို့ ပြောပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံကို ငါးတင်ပို့မှုကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ ၂၅ သန်းနဲ့သန်း ၃ဝ ကြား ရရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013