
ဒဂုံတက္ကသိုလ် သင်္ကြန်အကြို အတာရေသဘင်ပွဲကို မတ်လ ၁၄ ရက်နေ့က ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမရှေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြုလုပ် ကျင်းပနေပါတယ်။
ကျောင်းသားတွေ ပညာသင်ရင်း ပျော်ရွှင်စေဖို့နဲ့ လွတ်လပ်စွာ ဖန်တီးခွင့်တွေကို အသိအမှတ်ပြုဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီပွဲကို ကျင်းပခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က ပြောပါတယ်။
ဒဂုံတက္ကသိုလ် သင်္ကြန်ပွဲမှာ မြန်မာ့ရိုးရာအကတွေကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး နိုင်ငံကျော် တေးသံရှင်တွေလည်း ပါဝင်ဖျော်ဖြေခဲ့ပါတယ်။
ဓာတ်ပုံ - ဇေယျာချမ်းအေး၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ










