DVB Logo
Home
မြန်မာသတင်း
ကသာမြို့တွင်  မပေါက်ကွဲသေးသည့် လက်ပစ်ဗုံး ၂ လုံး တွေ့ရှိ
DVB
·
March 14, 2018
ကသာမြို့တွင်  မပေါက်ကွဲသေးသည့် လက်ပစ်ဗုံး ၂ လုံး တွေ့ရှိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၊ ရပ်ကွက် ၆၊ မိုင်းကုန်းရပ်ကွက် အခွန်ရုံးဘေးလမ်းသွယ် ခြုံအတွင်း မတ် ၁၃ ရက်နေ့ည ၇ နာရီကျော်အချိန်က စွန့်ပစ်ထားတယ်လို့ ယူဆရတဲ့ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးနှစ်လုံးကို တွေ့ရှိခဲ့ပါတယ်။

လက်ပစ်ဗုံး နှစ်လုံး စလုံးက စနက်တံတပ်ဆင်လျက်ပါရှိထားပြီး အမျိုးအမည်မသိတဲ့ ပလတ်စတစ်ဗုံး ၁ လုံးနဲ့ သံလက်ပစ်ဗုံး ၁ လုံးတို့ကို ကလေးတွေ ဆော့ကစားရာကနေတဆင့် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တွေ့ရှိခဲ့တဲ့ လက်ပစ်ဗုံးကို ကသာမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံ ခမရ ၃၀၉ မှ ဗိုလ်ကြီး နေလင်းဦးနဲ့ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး နယ်မြေရှင်းလင်း ဆောင်ရွက်ကာ ဗုံးနှစ်လုံးကိုတော့ နယ်မြေခံတပ်ရင်းကို အပ်နှံလိုက်တယ်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

အခုလို မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတွေ တွေ့ရှိတဲ့အပေါ်မှာတော့ ကသာမြို့ခံတွေကြားမှာ စိုးရိမ်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ဘော်ဒါဆောင်တခုမှာ မိုင်းထောင်မှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013