DVB Logo
Home
မြန်မာသတင်း
ဥရောပနှင့်မြန်မာ တက္ကသိုလ်များ ပူးပေါင်း၍ ပညာရေး အဆင့်မြှင့်တင်ရန် စတင်ဆောင်ရွက်
DVB
·
March 14, 2018
ဥရောပနှင့်မြန်မာ တက္ကသိုလ်များ ပူးပေါင်း၍ ပညာရေး အဆင့်မြှင့်တင်ရန် စတင်ဆောင်ရွက်
Donate to DVB

ဥရောပ ၃ နိုင်ငံမှ တက္ကသိုလ်တွေနဲ့ မြန်မာတက္ကသိုလ်တွေ ပူးပေါင်းပြီး ပညာရေး အဆင့်မြှင့်တင်နိုင်ဖို့ စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပရောဂျက်နဲ့ပတ်သက်ပြီး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို မြိတ်တက္ကသိုလ်မှာ မတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး တနှစ်ကို တက္ကသိုလ်တခုစီက ထူးချွန် ကျောင်းသူ ကျောင်းသား ၄ ဦးစီ ဥရောပနိုင်ငံတွေကို ပညာသင်စေလွှတ်မယ့် အစီအစဉ်တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။

မြိတ်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကထိက ဒေါ်စောမြတ်ဥမ္မာက “စပိန်၊ ဂျာမနီနဲ့ သြစတြေးလျနိုင်ငံတွေက တက္ကသိုလ် ၃ ခု မြန်မာနိုင်ငံက မန္တလေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ရေဆင်း သစ်တောတက္ကသိုလ်နဲ့ မြိတ်တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်မယ့် ပညာရေးအဆင့်မြှင့်တင်ရေး အစီအစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဒီတက္ကသိုလ် ပညာရေးကို အီးယူက စောင့်ကြည့်မယ်။ နောက်ပြီး ကျောင်းသူ ကျောင်းသားတွေကို ခေါ်ယူပြီး ပညာရေး အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်ပေးမယ်။ တက္ကသိုလ်တခုက ကျောင်းသူ ကျောင်းသား ၄ ဦးကို တနှစ် တကြိမ် ရွေးချယ်စေလွှတ်ပေးမယ်။ ပထမနှစ်၊ ဒုတိယနှစ် စသဖြင့် ထူးချွန်ကျောင်းသား၊ MSC ကျောင်းသားတွေ ပါဝင်မယ်။ နိုင်ငံတကာအတွေ့အကြုံတွေ ရနိုင်မယ့် အခွင့်အရေးတွေ ဖြစ်ပါတယ်” လို့  ပြောပါတယ်။

သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာန၊ အဏ္ဏ၀ါသိပ္ပံဌာနမှ ကျောင်းသူ ကျောင်းသားတွေကို အဓိကခေါ်ယူမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပညာရေး အဆင့်မြှင့်တင်ရေးအတွက် အဓိက ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အဲဒီပရောဂျက်နဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ်မှာ ၂၀၁၀ ပြည့်နှစ်က အလုပ်ရုံ ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံက တက္ကသိုလ် ၄ ခုနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးဖို့ သဘောတူခဲ့တာလို့လည်း သိရပါတယ်။

အခုလို ချိတ်ဆက် ဆောင်ရွက်နိုင်တဲ့အတွက် မြန်မာနိုင်ငံက ကျောင်းသူ ကျောင်းသားတွေအတွက် အခွင့်အလမ်းများစွာ ပွင့်သွားမှာ ဖြစ်သလို ဆရာ၊ ဆရာမတွေအတွက် သင်ကြားရေးအပိုင်းတွေကိုပါ များစွာ အထောက်အကူဖြစ်သလို မြိတ်တက္ကသိုလ်အနေနဲ့ အဏ္ဏဝါသိပ္ပံဌာနတခု ရှိနေတဲ့အတွက် တခြားတက္ကသိုလ်တွေထက် အခွင့်အလမ်း ရှိနေတယ်လို့ မြိတ်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာနီနီဦးက ပြောပါတယ်။

သတင်း - မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013