DVB Logo
Home
မြန်မာသတင်း
မစ္စယန်ဟီလီနေရာတွင် လူစားထိုးခန့်အပ်ရန် မြန်မာကိုယ်စားလှယ်တောင်းဆို
DVB
·
March 14, 2018
မစ္စယန်ဟီလီနေရာတွင် လူစားထိုးခန့်အပ်ရန် မြန်မာကိုယ်စားလှယ်တောင်းဆို
Donate to DVB

 

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီနေရာမှာ လူစားထိုးခန့်အပ်ဖို့ မြန်မာကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၃၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်း အဝေးကာလအတွင်း မတ်လ ၁၂ရက်က  မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ခေါင်းစဉ်နဲ့ အပြန်အလှန် ဆွေးနွေးပွဲကျင်းပရာမှာ ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းက “မစ္စ ယန်ဟီလီနဲ့  ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းဟာ အကျိုးရှိနိုင်မှာ မဟုတ်လို့ ပြည်သူတွေနဲ့ အစိုးရက သဘောရခဲ့ကြောင်း၊  သူ့နေရာမှာ အစားထိုးဖို့ အထူးလိုအပ်လာပြီး တစ်ချိန် တည်းမှာ မြန်မာနိုင်ငံ လှူအခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ယန္တရားနဲ့ ပူးပေါင်းဆောင် ရွက်သွားဖို့ မြန်မာအစိုးရအနေနဲ့ အဆင်သင့်ရှိတယ်”လို့ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မစ္စ ယန်ဟီလီရဲ့ မြန်မာပြည်ခရီးစဉ်ကို ခြောက်ကြိမ်တိုင်တိုင် စီစဉ်လက်ခံပေးခဲ့ပြီး အကောင်းဆုံးပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့်  ပြီးခဲ့တဲ့ဇူလိုင်လ မြန်မာခရီးစဉ်အပြီး ထုတ်ပြန်ချက်ဟာ စွပ်စွဲချက်တွေနဲ့ အတည် မပြုရသေးတဲ့ အချက်အလက်တွေ ကို အသားပေးဖော်ပြထားတယ်၊ သမာသမတ်နဲ့ ဓမ္မဓိဋ္ဌာန်ကျခြင်းမရှိတဲ့ အပြင်  အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အစိုးရရဲ့ ရှင်းလင်းပြောကြားချက်တွေကို ထည့်သွင်းဖော်ပြဖို့ ပျပက်ကွက်ခဲ့တယ်၊ မစ္စယန်ဟီးလီအနေနဲ့ ကျင့်ဝတ်စည်းကမ်းအပေါ် မလိုက်နာတာဟာ ပြည်သူတွေ မနှစ်သက်တဲ့ အချက်ဖြစ်တယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေ၊ မြေပြင်အခြေအနေနဲ့ကိုက်ညီတဲ့ဘယ်အစီအစဉ် (သို့မဟုတ်) ယ္တရားနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း မြန်မာကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆွေးနွေးပွဲမှာ  မစ္စ ယန်ဟီလီက အစီရင်ခံစာတင်သွင်းခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင်  မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ကလည်း ဒီဆွေးနွေးပွဲမှာ နှုတ်နဲ့  အစီရင်ခံစာတင်သွင်းသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီကို မြန် မာအစိုးရက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းက ပြည်ဝင်ခွင့်ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013