DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ လုံခြုံရေး အထူးတင်းကျပ်မည်
DVB
·
March 14, 2018
ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ လုံခြုံရေး အထူးတင်းကျပ်မည်
1 / 5
Donate to DVB

မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို အနုပညာရှင်တွေနဲ့ နိုင်ငံတော် အကြီးအကဲတွေပါ တက်ရောက်မှာဖြစ်လို့ အရင်နှစ်တွေကထက် လုံခြုံရေး တင်းကျပ်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြောပါတယ်။

မတ်လ ၂၃ ရက်နေ့ ရန်ကုန်မြို့ မင်းဓမ္ဓလမ်းမှာရှိတဲ့ MEP ခန်းမမှာ ကျင်းပမယ့် ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ လူဦးရေ အယောက် ၃၀၀၀ ဆံ့အောင် နေရာတွေကို စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Forever Group က တာဝန်ယူ လုပ်ဆောင်နေတဲ့ ဒီနှစ် အကယ်ဒမီဆုပေးပွဲမှာ မီဒီယာတွေအတွက် အရင်နှစ်တွေကလို လွတ်လပ်စွာ သတင်းယူခွင့်ရရှိတော့မှာ မဟုတ်ဘဲ ကျပ်သိန်း ၁၅၀ နဲ့ Boot လုပ်ထားတဲ့ Channel 5 ခုသာ လွတ်လပ်စွာ သတင်းယူခွင့်ရမှာ ဖြစ်ပါတယ်။

Online Media မီဒီယာတွေအနေနဲ့ကတော့ ငွေကျပ် ၅ သိန်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ပေးသွင်းပြီး သတ်မှတ်နေရာကသာ သတင်းရိုက်ကူးခွင့်သာရပြီး Live ထုတ်လွှင့်ခွင့် ရရှိမှာ မဟုတ်ပါဘူး။

လက်ရှိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အွန်လိုင်းမီဒီယာပေါင်း ၉၇ ခုရှိနေပြီး လွတ်လပ်စွာ သတင်းရယူခွင့် မရတာကြောင့် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013