DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီပေးရေး အိန္ဒိယသံအမတ်ကြီးနှင့် ၀န်ကြီးချုပ် ဆွေးနွေး
DVB
·
March 13, 2018
ကရင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီပေးရေး အိန္ဒိယသံအမတ်ကြီးနှင့် ၀န်ကြီးချုပ် ဆွေးနွေး
1 / 2
Donate to DVB

 

ကရင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံက ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေ ကူညီထောက်ပံ့မှုပေးနိုင်ရေးအတွက် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ဟာ ရန်ကုန်မြို့၊ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr,Vikram Misir နဲ့ ဒီနေ့မနက်ပိုင်း ပြည်ထောင်စုရိပ်သာ၊ ပဒိုဒေးဗစ်တော ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

တွေ့ဆုံပွဲမှာ ကရင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေ ကူညီထောက်ပံ့မှုပေးနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လိုအပ်တဲ့ နည်းပညာနဲ့ စက်ကိရိယာတွေ ကူညီထောက်ပံ့မှုပေးနိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် သံလွင်မြစ်ကြောင်းထိန်းသိမ်းရေးအတွက် မြစ်ကမ်းထိန်းနံရံနဲ့ မြစ်ကြောင်းပြန်လည်တူးဖော်နိုင်ရေး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမှတဆင့် ကုန်သွယ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လိုအပ်သော အစီအမံတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြည်နယ်လူမှုရေး ၀န်ကြီးဒေါက်တာ တင်ဝင်းကျော်က ပညာရေးနဲ့ ကျန်းမာရေး။ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက သန့်ရှင်းသောသောက် သုံးရေနဲ့ စိုက်ပျိုးရေ ရရှိမှုအခြေအနေတွေ။ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က မြို့ရွာသန့်ရှင်းသာယာလှပရေးဆောင်ရွက်မှု အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ကုန်သည်ကြီးများအသင်းနှင့် ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း  တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အိန္ဒိယသံအမတ်ကြီးဟာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ ဘားအံမြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပရေးနဲ့ လမ်းတိုးချဲ့မှု စီမံကိန်းကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - စောမျိုးမင်းသိန်း(ပြန်/ဆက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013