DVB Logo
Home
မြန်မာသတင်း
ပဲဈေးနှင့် ပဲထွက်နှုန်း ကျဆင်းသဖြင့် ဖြူးတောင်သူများ အခက်ကြုံ
DVB
·
March 13, 2018
ပဲဈေးနှင့် ပဲထွက်နှုန်း ကျဆင်းသဖြင့် ဖြူးတောင်သူများ အခက်ကြုံ
Donate to DVB

အရင်နှစ်ကထက် အခုလက်ရှိ မတ်ပဲဈေးဟာ ထက်ဝက်ကျော်ကျဆင်းနေပြီး ပဲအထွက်နှုန်းလည်း ထပ်မံကျဆင်းခဲ့တဲ့အတွက် အခုနှစ်မှာ များစွာအခက်ကြုံနေရတယ်လို့ ဖြူးမြို့နယ်အတွင်းရှိ မတ်ပဲစိုက် တောင်သူတွေက ပြောပါတယ်။

ပဲစိုက်တောင်သူ ဦးတိုးလွင်က "အရင်က ဒီအချိန် တတင်းကို ၂၆၀၀၀ ကျပ် လောက်ရတယ်။ ကျပ် ၁၅၀၀၀ ဈေးက ထက်ဝက်ကို ကျသွားတယ်။ ဒီနှစ် အကုန်ရှုံးတယ်။ ၁ ဧကကို ကုန်တာက ၁ သိန်းခွဲလောက် ကုန်ထားတော့ အရင်းတောင် မရတော့ဘူး။ ပဲကို မရိတ်တော့ဘဲ ဒီအတိုင်း ပစ်ထားတဲ့ သူတွေတောင် ရှိတယ်”လို့ ပြောပါတယ်။

အခုနှစ် ပဲစိုက်ရာသီမှာ မိုးရွာသွန်းမှုတွေ ရှိခဲ့တဲ့အတွက် စိုက်ပျိုးချိန် နောက်ကျခဲ့ပြီး မတ်ပဲအထွက်နှုန်း ကျဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ပဲစိုက်တောင်သူတဦးက "ပုံမှန်စိုက်ချိန်က နိုဝင်ဘာ ဒီနှစ် မိုးကရွာနေတော့ ဒီဇင်ဘာမှ စိုက်ရတယ်။ ရိတ်တာကတော့ ဒီမတ်လမှ ပဲရိတ်တာ။ ၁ လ နောက်ကျတယ် စိုက်ချိန်က။ ဒါကြောင့် အထွက်နှုန်းကျတာ။ အရင်နှစ်ကဆို ၁ ဧကကို ၂၅ တင်းလောက် ထွက်တယ်။ ဒီနှစ် ၁၀ တင်းလောက်ပဲ ထွက်တယ်။ ထည့်ထားတဲ့ အရင်းနဲ့ဆိုတော့ ရှုံးတယ်။ ပဲဈေးက အထွက်နှုန်းကကျဆိုတော့ ဘဏ်ဆပ်ဖို့တောင် အခက်အခဲ ရှိတယ်"လို့ ပြောပါတယ်။

ဖြူးမြို့နယ် စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူတဦးက “မတ်ပဲတွေ အထွက်နှုန်း ကျတယ်ဆိုတာ မှန်ပါတယ်။ ရာသီဥတုကြောင့် စိုက်ပျိုးချိန် နောက်ကျလို့တော့ အထွက်နှုန်း ဒီလောက် မကျပါဘူး။ အဓိကကျရတဲ့ အကြောင်းအရင်းက တောင်သူတွေက မတ်ပဲဈေး မကောင်းတော့တာကြောင့် အခြားသီးနှံကို ပြောင်းပြီး စိုက်ဖို့ အခက်အခဲရှိတဲ့အချိန်မှာ မတ်ပဲကို ဖြစ်သလိုပဲ စိုက်ကြလို့ပါ။ အရင်ပုံမှန်သုံးနေတဲ့ ရွက်ဖျန်းဆေးတွေ အပင်အားဆေးတွေကို ပုံမှန်မသုံးတော့ဘဲ ပစ်ထားလိုက်ကြတာကြောင့် ဖြစ်တယ်”လို့ ပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ အခုနှစ် မတ်ပဲစိုက်ဧက ၁ သိန်းခွဲကျော် စိုက်ပျိုးခဲ့ကြပြီး ပဲဈေး ကျဆင်းတာနဲ့ အထွက်နှုန်းမကောင်းတဲ့အတွက် တောင်သူတွေအနေနဲ့ ပဲရိတ်သိမ်းရာမှာ ရိတ်သိမ်းပေးမမယ့် ဒီနှစ်ရရှိတဲ့ ပဲတွေကို ထက်ဝက်စား ရိတ်သိမ်းတာတွေ ရှိနေသလို မရိတ်သိမ်းတော့တဲ့ အကွက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013