DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သား အမြောက်အမြား ရှိနေဟု ကိုအောင်ကိုထွေးပြော
DVB
·
March 13, 2018
ကလေးစစ်သား အမြောက်အမြား ရှိနေဟု ကိုအောင်ကိုထွေးပြော
Donate to DVB

မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေ အများကြီးရှိနေသေးတယ်လို့ ပုဒ်မ ၅၀၅ (ခ)နဲ့ တရားရင်ဆိုင်နေရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးက မတ်လ ၁၃ ရက်နေ့ ရုံးထုတ်မှာ ပြောဆိုလိုက်ပါတယ်။

"ကျနော်တို့ မှန်ကန်တဲ့ တရားစီရင်ရေးကို ဒီနေ့ချိန်ထိမရပါဘူး။ တရားသူကြီးကလည်း ကျနော်ကို စွဲချက်တင်တဲ့အချိန်မှာ ဘာကြောင့် စွဲချက်တင်တယ်ဆိုတာ တိတိကျကျပြောမသွားဘူး။ စစ်တပ်က အနိုင်ကျင့်ခံနေရတယ်။ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ဗိုလ်မှူးတွေ ကျတော့ ဒီနေ့ချိန်ထိ ဒီလို တရားရုံးတွေမှာ တရားစွဲဆိုထားတာ မရှိဘူး။ ကျနော်လို ကလေးစစ်သားတွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်"လို့ ကိုအောင်ကိုထွေးက ရုံးချိန်းမှာပြောဆိုခဲ့ပါတယ်။

ကိုအောင်ကိုထွေးဟာ ကလေးစစ်သားအဖြစ်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် သူ ခံခဲ့ရတဲ့ အခွင့်အရေးချိုးဖောက်မူတွေကို မီဒီယာကိုပြန်လည်ဖြေဆိုလို့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ ခနဲ့ လက်ရှိမှာ တရားရင်ဆိုင်နေရပါတယ်။

အမှုရင်ဆိုင်နေတဲ့ ကာလမှာပဲ သူ့ကို စွဲဆိုထားတဲ့ပုဒ်မဟာ မတရားဘူးဆိုပြီး ဒဂုံ ဆိပ်ကမ်းတရားရုံး အမှုစစ်မခံပဲ ဆက်တိုက် သပိတ်မှောက်နေခဲ့တာပါ။
သူ့ကိုစွဲဆိုတဲ့ ပုဒ်မတွေဟာ တပ်မတော်က မတရားသဖြင့် စွဲဆိုတဲ့အကြောင်း၊ သူ့လို ကလေးစစ်သားတွေ မြန်မာနိုင်ငံမှာ အများကြီးရှိနေတယ်ဆိုတဲ့အကြောင်း ရုံးထုတ်မှာ ပြောဆိုလိုက်တာပါ။

လက်ရှိမှာ ဒဂုံဆိပ်ကမ်းတရားရုံးကို သပိတ်မှောက်နေတဲ့ ကိုအောင်ကိုထွေးဟာ တရားရုံး မထီမဲ့မြင်မူနဲ့ ထောင်ဒဏ် ၅ လ ချမှတ်ခံထားရတာဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (ခ)နဲ့ တရားရင်ဆိုင်နေရဆဲမှာပဲ ကလေးစစ်သား ကိုအောင်ကိုထွေးကို ၀န်းရံတဲ့ တက်ကြွလူပ်ရှားသူတွေဟာလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ တရားရင်ဆိုင်နေရပြီး အစ်မဖြစ်သူဟာလည်း ကိုအောင်ကိုထွေးရုံးထုတ်မှာ ၀န်းရံဆန္ဒပြရင်း တရားစွဲဆိုလာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013