DVB Logo
Home
မြန်မာသတင်း
ရခိုင်မြောက်ပိုင်းကိစ္စ အရေးယူပေးရန် မစ္စယန်ဟီးလီ ပြော
DVB
·
March 13, 2018
ရခိုင်မြောက်ပိုင်းကိစ္စ အရေးယူပေးရန် မစ္စယန်ဟီးလီ ပြော
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီက ပြောလိုက်ပါတယ်။

မတ်လ ၁၂ ရက်နေ့က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးဆိုင်ရာကောင်စီ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး ဒီအခြေအနေတွေဟာ လူမျိုးသုဉ်းသတ်ဖြတ် မှုတွေအဆင့် ထိရောက်ရှိနေတယ်ဆိုတာကို ရည်ညွှန်းပြီး တိုက်တွန်းပြောဆိုလိုက်တာပါ။

“ဒါဟာ တဦးတယောက်ချင်းရော၊ လူနည်းစုဘာသာရေးအုပ်စုတွေနဲ့ တိုင်းရင်း သားအုပ်စုတခုလုံးကို ရည်ရွယ်တာ ဖြစ်ရပါမယ်။ ဒီကိစ္စအပေါ် အဓိက တာဝန်ရှိပြီး တား ဆီးရမယ့်၊ အရေးယူရမယ့် အစိုးရခေါင်းဆောင်ပိုင်းမှာလည်း တာဝန်ရှိပါတယ်”လို့ လီက ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကို အစာရေစာ ပြတ်တောက်ပြီး ထွက်ခွာ သွားအောင် အစိုးရတပ်က ရည်ရွယ်လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ရဲ့ ကြားဖြတ်အစီရင်ခံစာကိုလည်း တင်သွင်းခဲ့ပြီး ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်မှာ အဓိက တာဝန်ရှိတယ်ဆိုပြီး ဖော်ပြလိုက်တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီကို မြန် မာအစိုးရက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းက ပြည်ဝင်ခွင့်ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံတွင်းကို ၆ ကြိမ်ရောက် ရှိခဲ့ပြီးဖြစ်ကာ နောက်ဆုံးအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေအပေါ် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး အစီရင်ခံစာမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013