DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီမှတ်ပုံတင်ကြေး ဧပြီလစမှ၍ ထက်ဝက်လျှော့မည်
DVB
·
March 13, 2018
ကုမ္ပဏီမှတ်ပုံတင်ကြေး ဧပြီလစမှ၍ ထက်ဝက်လျှော့မည်
Donate to DVB

 

ကုမ္ပဏီမှတ်ပုံတင်ကြေးကို လာမယ့် ဧပြီကစပြီး ထက်ဝက်ထပ်လျှော့မယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာပါတယ်။

အရင်ကဆိုရင် အများနဲ့ မသက်ဆိုင်တဲ့ ကုမ္ပဏီတွေမှတ်ပုံတင်ကြေးကို ၁၀ သိန်း ကောက်ခံရာက ၂၀၁၆ ခုနှစ်မှာ ၅ သိန်းလို့ သတ်မှတ်ခဲ့ပါတယ်။ အခု ဧပြီလ ၁ ရက်ကစပြီး ၂ သိန်းခွဲပဲ ကောက်ခံတော့မယ်လို့ ကြေညာလိုက်တာပါ။

နိုင်ငံသားလုပ်ငန်းရှင်တွေ ပိုပြီး သက်သက်သာသာဆောင်ရွက်နိုင်ရေး၊ မှတ်ပုံမတင်ဘဲ ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကုမ္ပဏီအဖြစ်ပြောင်းလဲ ထူထောင်ပြီး လုပ်ငန်းချဲ့ထွင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ်ကိုလည်း လာမယ့် သြဂုတ်လကစပြီး ကျင့်သုံးတော့မယ်လို့လည်း ကြေညာထားပါတယ်။

အင်္ဂလိပ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော်သုံးစွဲခဲ့တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျော်သုံးစွဲခဲ့တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေလို့ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013