DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်မြို့လယ် ကုန်တိုက်ထဲ မြန်မာ ၁၀၀ ကျော် ခိုက်ရန်ဖြစ် (ရုပ်သံ)
DVB
·
March 13, 2018
ဘန်ကောက်မြို့လယ် ကုန်တိုက်ထဲ မြန်မာ ၁၀၀ ကျော် ခိုက်ရန်ဖြစ် (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ခေါင် လတ်ဖရော့တ် ကုန်တိုက်ကြီးထဲမှာ မြန်မာလူရွယ် ၁၀၀ ကျော် ခိုက်ရန်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ပြေးလွှားနေတဲ့ ဗွီဒီယိုဖိုင်တွေ ခုရက်ပိုင်းတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေကာ ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

အဆိုပါ ဗွီဒီယိုဖိုင်ကို Chamaiporn Changsiri ဆိုသူက သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ “ကြည့်စမ်း- ဒါ တို့ထိုင်းနိုင်ငံမှာ” လို့ အဓိပ္ပာယ်ရတဲ့  မှတ်ချက်နဲ့အတူ မတ်လ ၁၂ ရက်နေ့က တင်ထားခဲ့တာဖြစ်ပြီး နေ့မကူးခင် ၀င်ကြည့်သူပေါင်း ၉ သိန်းကျော်သွားသလို ရန်ဖြစ်သူတွေကို ပြစ်တင်ဝေဖန်ဆဲဆိုမှုတွေလည်း မြင့်တက်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ လက်အောက်ခံ အွန်လိုင်းမီဒီယာစောင့်ကြည့်ရေး ဗဟိုဌာနက လတ်ဖရော့တ်ကုန်တိုက်တည်ရာ ချုတ်ချိုင်းနယ်မြေရဲစခန်းကို ဆက်သွယ်မေးမြန်းရာ မှာ စခန်းမှူးက  အဆိုပါအဖြစ်အပျက်မှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့ကြောင်း၊ လတ်ဖရော့တ်နယ်မြေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ၀င်ရောက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

အဲဒီနေ့က ကုန်တိုက်ကြီးရဲ့ ၇ လွှာထပ်မှာ ရှမ်း၊ ကရင်၊ မြန်မာစတဲ့ မြန်မာပြည်က တိုင်းရင်းသားအလုပ်သမားလူငယ်တစ်စု အချင်းချင်းရန်ထောင်ခဲ့ကြောင်း၊ သတင်းပေးချက်အရ ကုန်တိုက်စောင့်လုံခြုံရေးဝန်ထမ်းတွေနဲ့အတူ အခြေအနေကို သွားရောက်ထိန်းသိမ်းကာ လူရွယ် ၅ ဦးကို ခေတ္တထိန်းသိမ်းခဲ့တယ်လို့  စခန်းမှူးက ဆက်ပြောပါတယ်။

စစ်ဆေးချက်အရ မြန်မာလူရွယ်တွေမှာ လက်နက်တစုံတရာမရှိသလို ထိခိုက်ဒဏ်ရာရသူ မှာလည်း အနည်းအကျဉ်းသာရှိကြောင်း၊ အဆိုပါဒဏ်ရာမှာလည်း ပြေးရင်းလွှားရင်း ကုန်တိုက်ထဲ က မှန်နဲ့ဝင်ဆောင့်မိလို့ ရခဲ့တဲ့ ဒဏ်ရာတွေပဲလို့ ဆိုပါတယ်။

ရဲစခန်းက ဖျန်ဖြေမှုကြောင့် လူငယ်နှစ်ဦးနှစ်ဘက် ကျေအေးပြီး အမှုဖွင့်တာမရှိကြောင်း၊ ဒါပေမယ့် ၃ ထပ်အလွှာက ဆိုင်ပိုင်ရှင်ကတော့ သူ့မှန်ကွဲသွားတာ အလျော်တောင်းလို့  လူငယ်တွေ ပိုက်ဆံစုပြီး ဘတ် ၅ ထောင် ပေးလျော်လိုက်တယ်လို့ ရဲမှူးက ပြောသွားပါတယ်။

ကိုးကား -  Workponitnews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013