DVB Logo
Home
မြန်မာသတင်း
သေဒဏ်ချနိုင်သည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးရေးဥပဒေ ရေးဆွဲပြီးစီး
DVB
·
March 13, 2018
သေဒဏ်ချနိုင်သည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးရေးဥပဒေ ရေးဆွဲပြီးစီး
Donate to DVB

 

သေဒဏ်ချမှတ်နိုင်တဲ့အထိ ပြစ်မှုပြစ်ဒဏ်တွေ ထည့်သွင်းရေးဆွဲထားတဲ့  ‘အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး’ ဥပဒေကြမ်းကို လူကယ်ပြန်ဝန်ကြီးဌာနက ရေးဆွဲပြီးပြီ ဖြစ်ပါတယ်။

အမျိုးသမီးများနဲ့ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ လုပ်ခဲ့ရင် သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲက ညွှန်ကြားရေးမှူး ဒေါ်နော်သ၀ါးက ပြောပါတယ်။

‘‘ကလေးသူငယ်ကိုဖြစ်စေ၊ မသန်စွမ်းသူကိုဖြစ်စေ မုဒိမ်းမှုကျူးလွန်ရင် ထောင်ဒဏ်အနှစ် နှစ်ဆယ်ကနေ ထောင်ဒဏ်တစ်သက်ချမှတ်ရ မယ်။ နောက်တခုက မည်သူမဆို ပြင်းထန် ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက သေဒဏ်အထိပါတယ်။’’

ရေးဆွဲပြီးသွားတဲ့ ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးထံ တင်ပြထားပြီး မကြာခင် ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်တင်သွင်းသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ရေးဆွဲတဲ့  ‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး’ ဥပဒေကြမ်းကို လူကယ်ပြန်ဝန်ကြီးဌာနက ဦးဆောင်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်း တွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးတွဲရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ မိရိုးဖလာ အကြမ်းဖက်မှု ပုံစံငါး မျိုးကို ထည့်သွင်းဖော်ပြထားတဲ့ ဥပဒေကြမ်းမှာ အခန်း ၁၉ခန်းနဲ့ ပုဒ်မ  ၈၄ခု ပါဝင်ပါတယ်။

လတ်တလော တိုင်းပြည်ထဲမှာ သက်ငယ်မုဒိမ်းနဲ့ လူသတ်မှု မုဒိမ်းကျူးလွန်သူတွေကို  သေဒဏ် ပေးရေးဥပဒေ ပြဋ္ဌာန်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတချို့က လက်မှတ်ထိုးတောင်းဆို နေချိန်မှာ အခု ဥပဒေကြမ်း ရေးဆွဲပြီးစီးလာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013