DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာ ၈ ဦး တင်လာသည့်ကား စစ်ဆေးရေးဂိတ်ရှောင်ရင်း သစ်ပင် ဝင်တိုက်
DVB
·
March 13, 2018
ထိုင်းတွင် မြန်မာ ၈ ဦး တင်လာသည့်ကား စစ်ဆေးရေးဂိတ်ရှောင်ရင်း သစ်ပင် ဝင်တိုက်
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ကျနမြို့နယ်ထဲမှာ မနေ့က မြန်မာ ၈ ဦးကို  တရားမဝင် တင်ဆောင်လာတဲ့ ကားတစီး စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ရင်း လမ်းဘေးက သစ်ပင်နဲ့ ဝင်တိုက်လို့  ၁ ဦး ဒဏ်ရာပြင်းစွာရရှိကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၁၂ ရက်နေ့ မနက် ၉ နာရီလောက်က ကျနမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ပါဆိန်းကျေးရွာအုပ်စု ဘန့်ခွမ်မင့်ရပ်ကွက် လမ်းအပိုင်းရှိ စစ်ဆေးရေးဂိတ်တခုမှာ စောင့်ဆိုင်းစဉ် ကား ၂ စီးက အစစ်မခံဘဲ ဖြတ်ပြေးသွားတဲ့အတွက် အနောက်ကနေ ကားနဲ့ လိုက်လံခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကား ၂ စီးထဲက ငွေရောင် မစ်ဆူဘီရှီ တိုယိုတာကားတစီးက ခလောင်းပီယအုပ်စု ဆာလားနမ့်ရွာအနီး လမ်းဘေးမှာ သစ်ပင်တပင် ဝင်တိုက်ပြီး မြောင်းထဲ လိမ့်ကျသွားတဲ့ အနေအထားနဲ့ ပြန်တွေ့ပြီး အနက်ရောင်ဝီးဂို့ ကားကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့  ကျနနယ်မြေရဲစခန်း တာဝန်ကျရဲအုပ် နိရတ်တန နယူးဝုန်းက သတင်းထောက်တွေကို ပြောပါတယ်။

သစ်ပင်နဲ့တိုက်ပြီး ပျက်စီးသွားတဲ့ ကားတစီးထဲမှာတော့ တရားမဝင် တင်ဆောင်လာတဲ့ မြန်မာအမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး တွေ့ရှိပြီး အမျိုးသမီးမှာ သစ်ပင်နဲ့ ဆောင့်မိတာကြောင့် ဒဏ်ရာပြင်းထန်လို့  ကျနမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ပြီလို့ ဆိုပါတယ်။

အသက် ၃၁ နှစ်ရွယ်ရှိ ထိုင်းလူမျိုးကားသမား နိုင်းစူပေါ်ရီ ယုဆို ကို စစ်ဆေးချက်အရ သူဟာ အဆိုပါ မြန်မာ ၈ ဦးအား ၁ ဦးကို ဘတ် ၁၅၀၀ နှုန်းနဲ့ အခကြေးငွေယူကာ ဟတ်ယိုင်လေဆိပ်လမ်းဘက်ကနေ ပတ္တနီခရိုင်ကို ပို့ဆောင်ပေးဖို့ ဖြစ်ကြောင်း၊ အဲဒီမှာ အလားတူ အလုပ်သမားတွေ စုဆောင်းကာ ငါးဖမ်းလှေလုပ်ငန်းတွေဆီ ပို့ဆောင်ပေးဖို့ ဖြစ်တယ်လို့ ဝန်ခံသွားပါတယ်။

တာဝန်ရှိသူတွေက သူတို့တွေကို တရားဥပဒေအရ အပြစ်ပေး အရေးယူဖို့နဲ့ လူကုန်ကူး ကွင်းဆက်တွေ ဆက်လက်စုံစမ်းဖို့  အဆိုပါ ကားသမားကိုရော မြန်မာတွေကိုပါ ကျနနယ်မြေရဲ စခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တာဝန်ကျရဲအုပ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013