DVB Logo
Home
မြန်မာသတင်း
မြင်းခြံ သက်​ကြီးရွယ်​အိုနှင့် မသန်​စွမ်းသူများကို ​ထောက်​ပံ့ငွေ ပေးအပ်
DVB
·
March 13, 2018
မြင်းခြံ သက်​ကြီးရွယ်​အိုနှင့် မသန်​စွမ်းသူများကို ​ထောက်​ပံ့ငွေ ပေးအပ်
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ သက်​ကြီးရွယ်​အိုတွေ၊ မသန်​စွမ်းသူတွေနဲ့ ထိခိုက်​လွယ်​သူတွေအတွက် ၁ လ၊ ကျပ်​ ၁၀၀၀၀ ​ထောက်​ပံ့ကူညီေ​နေတယ်​လို့ အပြည်​ပြည်​ဆိုင်​ရာ သက်​ကြီးရွယ်​အို​စောင့်ရှောက်​​ရေးအဖွဲ့ရုံးက ပြောပါတယ်​။

အပြည်​ပြည်​ဆိုင်​ရာ သက်​ကြီးရွယ်​အို​စောင့်ရှောက်​​ရေးအဖွဲ့ (မြင်းခြံ) မှ စီမံကိန်းတာဝန်​ခံ ဦး​စောမင်းသန်းက "ကျ​နော်​တို့အဖွဲ့ရဲ့ အဓိက ဦးစားေ​ပးလုပ်​ငန်းက​တော့ သက်​ကြီးရွယ်​အို​တွေ မသန်​စွမ်းသူ​တွေနဲ့ ထိခိုက်​လွယ်​တဲ့သူ​တွေရဲ့ ဘဝ​​တွေကို ပြန်​ပြီးအဆင်​​ပြေလာဖို့နဲ့ ပြန်​လည် ​ထူ​ထောင်​လာနိုင်​​စေဖို့အတွက်​ အဓိက လုပ်​​ဆောင်​​ပေး​နေတာပါ။ ခု မန္တလေးတိုင်းမှာ မြင်းခြံ၊ နွားထိုး၊ ​တောင်​သာ၊ မလှိုင်​ စတဲ့ မြို့​တွေ ပါဝင်​ပါတယ်​။ လက်​ရှိအစိုးရက အသက်​ ၉၀ နှစ်​အထက်​​တွေကို ​ထောက်​ပံ့​ပေး​နေတာ ဖြစ်​တဲ့အတွက်​ ကျ​နော်​တို့အဖွဲ့က အသက်​ ၈၅ နှစ်​မှ ၉၀ နှစ်​အထိ ရှိသူ​တွေကို ​ထောက်​ပံ့​ပေး​သွားမှာပါ။ မြင်းခြံတမြို့နယ်​လုံးရှိ အသက်​ ၈၅ မှ ၉၀ အထိ ရှိတဲ့ သက်​ကြီး​တွေ မသန်​စွမ်းသူ​တွေနဲ့ ထိခိုက်​လွယ်​တဲ့သူ​တွေကို ပထမဆုံးအကြိမ်​အဖြစ်​ စတင်​​ထောက်​ပံ့​ပေး​သွားမယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

အပြည်​ပြည်​ဆိုင်​ရာ သက်​ကြီးရွယ်​အို​စောင့်ရှောက်​​ရေးအဖွဲ့ (Help Age International) အဖွဲ့ဟာ ပထမဆုံးအကြိမ်​ဖြစ်​ မြင်းခြံမြို့နယ်​ရှိ ​ကျေးရွာ ၃၀ကို​ ရွေးချယ်​ပြီး ၂၀၁၆ ခုနှစ်​ ​မေလမှ စတင်​ပြီး စီမံကိန်း လုပ်​ငန်းများကို စတင်​ အ​ကောင်​အထည်​​ဖော်​ ဆောင်​ရွက်​ခဲ့တာ ဖြစ်​ပါတယ်​။

လက်​ရှိမှာ​တော့ မြင်းခြံတ​မြို့နယ်​လုံးရှိ သက်​ကြီးရွယ်​အိုတွေ၊ မသန်​စွမ်းသူတွေနဲ့ ထိခိုက်​လွယ်​တဲ့သူတွေကို စာရင်း​ကောက်​ယူပြီး တလကို ၁၀၀၀၀ ကျပ်​နှုန်း ထောက်​ပံ့​ငွေ ​ပေးအပ်​​နေတာလည်း ဖြစ်​ပါတယ်​။

"​နောက်​ပြီး ကျ​နော်​တို့လုပ်​တဲ့ လုပ်​ငန်းစဉ်​​တွေကို မြင်းခြံ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးရုံးနဲ့ လူမှုဝန်​ထမ်းဦးစီးဌာနတို့နဲ့ ချိတ်​ဆက်​​ဆောင်​ရွက်​ခဲ့တာဖြစ်​ပြီး ပြီး​တော့ လုပ်​ငန်းစဉ်​အားလုံးကို အစိုးရအဖွဲ့​တွေကို ပြန်​ပြီးမျှဝေ​ပေးသွားမှာ ဖြစ်​တယ်​”လို့ သူက ​ပြောဆိုပါတယ်​။

မြင်းခြံမြို့နယ်​မှာ မြင်းခြံမြို့​ပေါ် ရပ်​ကွက်​ ၂၀ ရှိပြီး ​ကျေးရွာအုပ်​စု ၁၈၅ ရွာ ရှိကာ၊ HAI အဖွဲ့မှ ပထမဆုံးအကြိမ်​အဖြစ်​ ​ထောက်​ပံ့​ငွေ ၃၄၁ ဦးကို ​ပေးအပ်​ခဲ့တာဖြစ်​ပြီး၊ ဒုတိယ ၃ လပတ်​မှာ​တော့ လူဦး​ရေ ၁၅၀၀ လောက်ကို ​ထောက်​ပံ့​ငွေ ​ပေးသွားနိုင်​ဖို့ ရှိတယ်​လို့ သိရပါတယ်​။

လက်​ရှိ အန်အယ်လ်ဒီအစိုးရက ၂၀၁၇ ခုနှစ်​ကစပြီး အသက်​ ၉၀ ပြည့် သက်​ကြီးပင်​စင်​ကို စတင်​​ပေးအပ်​ခဲ့ကာ မြင်းခြံမြို့နယ်​မှာ​တော့ အသက်​ ၉၀ နှစ်​ ပြည့်​အထက်​ ၃၄၄ ဦးကို မြင်းခြံမြို့နယ်​ လူမှုဝန်​ထမ်းဦးစီးဌာနက ​တလ ၁၀၀၀၀ ကျပ်​နှုန်းနဲ့ ​စတုတ္ထ ၃ လပတ်​အထိ ​ပေးအပ်​ခဲ့ပြီးလည်း ဖြစ်​ပါတယ်​။

သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013