DVB Logo
Home
မြန်မာသတင်း
ပင်းတယတွင် ကျေးရွာပေါင်း ၂၈ ရွာ သောက်သုံးရေ ခက်ခဲနေ
DVB
·
March 13, 2018
ပင်းတယတွင် ကျေးရွာပေါင်း ၂၈ ရွာ သောက်သုံးရေ ခက်ခဲနေ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း တောင်ရိုးလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာပေါင်း ၂၈ ရွာမှာ နှစ်စဉ် နွေရာသီရောက်တိုင်း သောက်သုံးရေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တောင်ရိုးတိုင်းရင်းသား ကိုယ်စားလှယ် ဦးကျော်ငြိမ်းက “ကျနော်တို့ ပင်းတယဒေသမှာ တောင်ရိုးရွာပေါင်း ၂၈ ရွာရှိပါတယ်။ ၂၈ ရွာစလုံးနီးပါး ရေရှားနေပါတယ်။ ရေရှားတာကလည်း ဒီိပင်းတယ တောင်ခြမ်း၊ မြောက်ခြမ်း ရှိတာပေါ့နော်။ တောင်ဘက်ခြမ်းက နဂိုကတည်းက ရေရှားပါတယ်။ ကျနော်တို့ ဒီနွေရာသီ အခုလိုမျိုး တောင်ရိုးပွဲတော် ကျင်းပတဲ့အချိန် တပေါင်း တန်ခူးပေါ့နော်။  ဒီအချိန်ရောက်လာပြီဆိုရင် ရေရှားပါတယ်။”

ပင်းတယမြို့နယ်ထဲက တချို့ကျေးရွာတွေဆို အဝီစိတွင်းတွေ ရရှိဖို့အတွက် ပေ ၄၀၀ ကျော်အထိ တူးပေမယ့် ရေထွက်မလာဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တချို့ကျေးရွာတွေဟာ သောက်သုံးရေ ရဖို့အတွက် နေ့စဉ် ၁ နာရီခွဲလောက် အချိန်ယူပြီး ရေထွက်တဲ့နေရာကို ရေသွားခပ်ပေမယ့် လိုအပ်သလောက် ရေကို မရဘူးလို့ တည်ပင်ကျေးရွာက ဦးအောင်ကြီးက ပြောပါတယ်။

ပွင့်လန်းရွာက ကိုဖိုးငယ်ကလည်း “ရေမလောက်လို့ ဆိုင်ကယ်လေးနဲ့ သွားတာ၊ ဆိုင်ကယ် ၁ စီးကို ၃ ပုံး တင်နိုင်တယ်။ ၃ ပုံး နိုင်တာ တခါတလေ ၂ ပုံးပဲ ရတာ။ ရေက တခါတလေ သွားခပ်လည်း မရှိဘူး”လို့ ပြောပါတယ်။

တောင်ရိုးကျေးရွာ ၂၈ ရွာမှာ လူဦးရေ ၁၅၀၀၀ နေထိုင်ကြပြီး နွေရာသီရောက်တိုင်း အခုလို သောက်သုံးရေ ရှားပါးတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတာပါ။ ဒါကြောင့် ရေအလှူရှင် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013