DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားမည်
DVB
·
March 13, 2018
ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားမည်
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီကာလအတွင်း သြစတြေးလျနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ပါတယ်။

သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်တန်ဘဲလ်ရဲ့ ဖိတ်ကြားချက်အရ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဆစ်ဒနီမြို့မှာ မတ်လ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ကျင်းပမယ့် အာဆီယံ-သြစတြေးလျ အထူး ထိပ်သီးအစည်းအဝေးကို တခြား အာဆီယံနိုင်ငံ အကြီးအကဲတွေနဲ့အတူ  ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။

အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးကို သြစတြေးလျနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပြီး ဒေသတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ သာယာဝပြောရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုအကာအကွယ်ပေးရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ အမြင်ချင်း ဖလှယ်ဆွေးနွေးကြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက သြစတြေးလျနိုင်ငံကို အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အဖြစ် သွားရောက်ခဲ့ဖူးပါတယ်။

လာမယ့်ခရီးစဉ်ကတော့ အစိုးရတာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013