DVB Logo
Home
မြန်မာသတင်း
လင်မယားချင်း စကားများရာမှ ဇနီးက ဓားဖြင့်ခုတ်သဖြင့် ခင်ပွန်း သေဆုံး
DVB
·
March 12, 2018
လင်မယားချင်း စကားများရာမှ ဇနီးက ဓားဖြင့်ခုတ်သဖြင့် ခင်ပွန်း သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကန်ကျေးရွာမှာ မတ် ၁၁ ရက်နေ့ ညနေပိုင်းက လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူက ဓားနဲ့ခုတ်ခဲ့လို့ ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ ဇနီးဖြစ်သူ မခင်ချိုလင်း(ခ) ချိုလင်းနဲ့ တရွာတည်းနေ ကိုနန်းတင်တို့က ဓားဒဏ်ရာတွေရထားတဲ့ ကိုမြင့်ဇော် (၃၂) နှစ်ကို ထော်လာဂျီနဲ့ ဇင်းရဲကင်းစခန်း ခေါ်ဆောင်လာလို့ တပ်ဖွဲ့ဝင်တွေက မေးမြန်းခဲ့ရာ နေ့လယ် ၁၂ နာရီလောက်က လင်မယားချင်း စရာများရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ ကိုယ်ဝန် ၇ လခန့်ရှိ မခင်ချိုလင်း(ခ) ချိုလင်းရဲ့ ၀မ်းဗိုက်ကို ကန်ပြီး ၀ါးရင်းတုတ်နဲ့ ထပ်ရိုက်နေလို့ ဇနီးဖြစ်သူက လက်ထဲမှာ အသင့်ရှိနေတဲ့ ဓားနဲ့ခုတ်ခဲ့တာလို့ ဆိုပါတယ်။

ဓားဒဏ်ရာတွေ ရရှိခဲ့တဲ့ ကိုမြင့်ဇော်ကို ရဲဆေးစာနဲ့တူ ကန့်ဘလူမြို့နယ် ကုတင် ၁၀၀ ဆေးရုံကို ပို့သပြီး ဆေးကုသမှု ခံယူနေစဉ် ည ၈ နာရီလောက်မှာ သေဆုံးသွားခဲ့ကြောင်း မခင်ချိုလင်း(ခ) ချိုလင်းကို ဥပဒေနဲ့အညီ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013