DVB Logo
Home
မြန်မာသတင်း
FDA ၀န်ထမ်းအမျိုးသမီး အသတ်ခံရမှု တရားလိုပြသက်သေ ၅ ဦးကို စစ်ဆေး
DVB
·
March 12, 2018
FDA ၀န်ထမ်းအမျိုးသမီး အသတ်ခံရမှု တရားလိုပြသက်သေ ၅ ဦးကို စစ်ဆေး
Donate to DVB

FDA ၀န်ထမ်းအမျိုးသမီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၅ ဦးကို မတ်လ ၁၂ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးပါတယ်။

တရားလိုပြ သက်သေ ၅ ဦးမှာ အသတ်ခံရသူ မရွှေရည်ဝင်းရဲ့မိဘ ၂ ပါးနဲ့အတူ တရားခံအငှားယာဉ်မောင်းမျိုးဇော်ဦးရဲ့ ရပ်ကွက်ထဲက သက်သေနှစ်ဦးနဲ့ တယ်လီဖုန်းဆိုင်က သက်သေတစ်ဦးတို့ ပါဝင်ပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေတွေကို စစ်ဆေးတဲ့နေရာမှာ တရားခံဘက်က လိုက်ပါဆောင်ရွက်ရတဲ့ ရှေ့နေအနေနဲ့ မရွေရည်ဦးရဲ့မိဘနစ်ပါးကို စစ်ဆေးမေးမြန်းတဲ့နေရာမှာ အခက်ခဲရှိခဲ့တယ်လို့ တရားလိုဘက်ကလိုက်ပါဆောင်ရွက်ရတဲ့ အစိုးရရှေ့နေ ဦးမောင်မောင်စိုး က ပြောပါတယ်။

    “ကျနော် ​ဒီ​နေ့ သူတို့ကို​မေးရတာ အရမ်းကိုယ်​ချင်းစာမိလို့ စိတ်​မ​ကောင်းဖြစ်​ရပါတယ်​။ ဒါ​ပေမယ့် ဦးသန့်​တုန်းကလည်း သူမှန်​တယ်​ထင်​လို့ လုပ်​တဲ့အ​ပေါ်မှာ အ​ကောင်းဆုံး လုပ်​​ဆောင်​သွား သလိုပဲ အခုအ​ခြေအ​နေကို ကျနော်​လုပ်​​ဆောင်​သွားမှာပါ။”

ဒီ​နေ့ ​မေးမြန်းမှု​တွေ၊ သက်​​သေ​တွေရဲ့ ထွက်​ဆိုချက်​​တွေနဲ့ ပတ်​သက်​ပြီး တရားလို​ရှေ့​နေ ကို ​မေးမြန်းဖို့ ကြိုးစားခဲ့​ပေမယ့် ​ဖြေကြားမ​ပေးနိုင်​​ကြောင်း ​ပြန်​လည်​​ပြောကြားခဲ့ပါတယ်​။

မိသားစု​တွေက​တော့ ဘာမှမှတ်​ချက်​မ​ပေးချင်​​ပေမယ့်​ အမှုရဲ့ အဆုံးသတ်​ ​​ ​နောက်​ဆုံးအ​ဖြေ အမိန့်​ချတဲ့အ​ပေါ်ကိုပဲ ​စောင့်​ကြည့်​သွားမယ်​လို့ ​ပြောပါတယ်​။

ဒီအမှုနဲ့ ပတ်​သက်​ပြီး ကျူးလွန်​သူလို့ စွပ်​စွဲခံထားရတဲ့ မျိုးဇော်​ဦး (ခ) ဆီဒိုးနားဟာ ​ငွေ​ကြေးတက်​နိုင်​မှုမရှိတာ​ကြောင့် အစိုးရ​ရှေ့​နေက အမှုကို လိုက်​ပါ​ဆောင်​ရွက်​​ပေးတာ ဖြစ်​ပါတယ်​။

ပြစ်​မှုကျူးလွန်​တယ်​လို့ စွပ်​စွဲခံထားရတဲ့သူကို ရာဇဝတ်​မှုပုဒ်​မ ၂၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်​ပါတယ်​။

ဒီအမှုမှာ သက်​​သေ ၃၅ ဦးကို စစ်​​ဆေးသွားမယ်​လို့ သိရပြီး လာမယ့် ၁၅ ရက်​​နေ့မှာအမှုကို ထပ်​မံစစ်​​ဆေးသွားမှာပဲ ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013