DVB Logo
Home
မြန်မာသတင်း
တာချီလိတ်ခရိုင်တွင် လေပြင်းတိုက်၊ နေအိမ်နှင့် အဆောက်အဦအချို့ ပျက်စီး
DVB
·
March 12, 2018
တာချီလိတ်ခရိုင်တွင် လေပြင်းတိုက်၊ နေအိမ်နှင့် အဆောက်အဦအချို့ ပျက်စီး
Donate to DVB

 

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မုံးကိုးကျေးရွာအုပ်စုထဲမှာ ယမန်နေ့ညက လေပြင်း တိုက်ခတ်မှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်း၊ စစ်တပ်အဆောက်အဦအပါအ၀င် နေအိမ်ပေါင်း ၄၀ ကျော် ခေါင်မိုးလန်ပျက်စီးသွားပါတယ်။

တာချီလိတ်မြို့ အရှေ့မြောက်ဘက် ၅ မိုင်လောက်အကွာ မိုင်းကိုးကျေးရွာအုပ်စုထဲမှာ မတ်လ ၁၁ ရက် ညကလေပြင်းတိုက်ခဲ့တာပါ။

မိုင်းကိုးအုပ်စုရှိ မယ်ဖုံးလုံ၊ မွန်းမွန်၊ မနော်၊ မိုင်းဟိ၊ ကျတဲတိုဘို စတဲ့ကျေးရွာက အိမ်ခေါင်မိုးတွေရော၊ ကျတဲတိုဘိုရွာ ဘုန်းကြီးကျောင်းနဲ့ မုံးကိုးအုပ်စုထဲက အစိုးရနယ်ခြားစောင့်တပ် မိသားစုအိမ်ယာတချို့ပါ ခေါင်မိုးလန်ထွက် ပျက်စီးသွားတယ်လို့  တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မတ်လ ၁၁ ရက် မနေ့ည ၈ နာရီခွဲလောက်မှာ လေပြင်းမုန်တိုင်းတိုက်တာပေါ့။ တိုက်တာတော့ မကြာပါဘူး။ ၁၅ မိနစ်လောက်ပါဘဲ၊ အပျက်အစီးကတော့ မုံးကိုးအုပ်စုထဲက မယ်ဖုံးလုံရွာမှာ အိမ်ခြေ ၆ လုံး အမိုးလန်သွားတယ်၊ နောက်တခါ မွန်းမွန်ရွာ အဲဒီမှာက နေအိမ် ၈ လုံး၊ မနော်ရွာမှာ ၂ လုံး၊ မိုင်းဟီးရွာမှာလည်း အိမ် ၂ လုံး အမိုးလန်တယ်၊ နောက်တခါ ကျတဲတိုဘို ဆိုတဲ့ရွာဆိုတာရှိတယ်။ အဲဒီရွာမှာက နေအိမ် ၂၂ လုံးနဲ့ ဘုန်းကြီးကျောင်းက ၁ ကျောင်း အမိုးလန်သွားတယ်။ ခေါင်မိုးတွေကလေတိုက်ပြီး သွပ်ပြားတွေ လွင့်ကုန်တာပေါ့။  နောက်ပြီး မုံးကိုးမှာရှိတဲ့ နယ်ခြားစောင့်တပ်က မိသားစုဝင်နေအိမ်တချို့လည်း ပျက်စီးတယ်ပြောတယ်။ ဒါပေမယ့် အဲဒါက တပ်ပိုင်းဆိုင်ရာဆိုတော့ ကျနော်တို့ ၀င်သွားပြီး စုံစမ်းလို့ မရဘူး ခင်ဗျ။”

ဒီနေ့မနက်ပိုင်းမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ စစ်တပ်စတဲ့ အဖွဲ့ပေါင်းစုံက တာဝန်ရှိသူတွေဟာ လေဘေးသင့်ကျေးရွာတွေကို သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သလို အကူအညီပေးဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ တာချီလိတ်ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013