DVB Logo
Home
မြန်မာသတင်း
ရနောင်းလူသတ်မှု စွပ်စွဲခံ မြန်မာများအား အမိန့်မချခင် အစိုးရကူညီပေးရန် တောင်းဆို
DVB
·
March 12, 2018
ရနောင်းလူသတ်မှု စွပ်စွဲခံ မြန်မာများအား အမိန့်မချခင် အစိုးရကူညီပေးရန် တောင်းဆို
Donate to DVB

ရနောင်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၄ ဦးအား အမိန့်မချမှတ်ခင်မှာ မြန်မာအစိုးရအနေနဲ့ အကူအညီပေးဖို့ စွပ်စွဲခံ မိသားစုဝင်တွေနဲ့ ကူညီဆောင်ရွက်နေသူတွေက တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို လာမယ့်မတ်လ ၂၉ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်မှာဖြစ်တဲ့အတွက် အမိန့်မချမှတ်ခင်မှာ အစိုးရအနေနဲ့ အကူအညီပေးဖို့ စွပ်စွဲခံမိသားစုဝင်တွေနဲ့ အမှုကို လိုက်ပါကူညီသူတွေက မတ်လ ၁၂ ရက်နေ့ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “လိပ်ကျွန်းလိုမျိုး ကလေးတွေ သေဒဏ်ကျပြီးမှ ကန့်ကွက်တာတို့၊ ရှုတ်ချတာတို့နဲ့ ပြည်တွင်းမှာ လုပ်ရင် ပိုပြီးပြဿနာတက်မယ်။ ဒီကိစ္စကြီးက ရှင်းရှင်းလင်းလင်းပဲ။ ဒီကလေးတွေ မလုပ်မှန်းလည်း ထိုင်းတွေကအစ သိတယ်။ အစိုးရအနေနဲ့ အကူအညီပေးရင် ပိုထိရောက်ပါတယ်။ ကိုယ့်သားသမီးလိုမျိုး သဘောထားပြီးတော့ သံရေး တမန်ရေးနည်းလမ်းကပဲ အကူအညီပေးပါ။ အစိုးရကို ပေးတဲ့ မေတ္တာရပ်ခံတဲ့စာတွေလည်း ကျနော်တို့မှာ ရှိပါတယ်” လို့ ပြောပါတယ်။

ရနောင်း လူသတ်မှု စစ်ဆေးချိန်မှာရှိနေခဲ့တဲ့ အလုပ်သမားသံအရာရှိဟောင်း ဦးလှထွန်းကို အဓိကသက်သေအဖြစ် ထွက်ဆိုပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနဆီ တင်ပြပေမယ့်လည်း လာရောက်ပြီး သက်သေထွက်ဆိုခြင်း မရှိခဲ့ပါဘူး။ ရနောင်း လူသတ်မှုနဲ့စပ်လျဉ်းပြီး သံသယရှိသူ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

ရနောင်း လူသတ်မှု သံသယရှိသူတဦးရဲ့မိခင် ဒေါ်အိအိမိုးက “ရုံးချိန်းလာတဲ့အခါမှာ ကလေးတွေကို တွေ့ရတယ်။ ငွေရေးကြေးရအစ မရှိတော့ ပင်ပန်းတယ်။ အခုလိုမျိုး ပစ်မထားပါနဲ့။ အစိုးရကို ကျမတို့ အကူအညီတောင်းပါတယ်။ ဦးလှထွန်းကို သက်သေမလိုက်ခိုင်းတာလည်း ကျမတို့အနေနဲ့ တအားဝမ်းနည်းမိပါတယ်” လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာ အထက်တန်းကျောင်းသူတဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သံသယရှိသူ မြန်မာနိုင်ငံသား ၄ ဦးကို  အောက်တိုဘာလ ၂၀ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုထားပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013