DVB Logo
Home
မြန်မာသတင်း
သစ်ကြီးတောရွာ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အထောက်ပံ့လိုအပ်
DVB
·
March 12, 2018
သစ်ကြီးတောရွာ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အထောက်ပံ့လိုအပ်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောကျေးရွာရှိ မီးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးနဲ့ နေထိုင်စရာအခက်ခဲ ကြုံတွေ့နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျေးရွာရှိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးသားချင်း နေအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အစားစာအဖြစ်ကတော့ အနယ်နယ်အရပ်ရပ်က လာလှူကြတဲ့ဆန်တွေ၊ ဆီတွေ၊ အိမ်သုံး၊ မီးဖိုချောင်သုံး ပစ္စည်းတွေရှိတဲ့အတွက် သိပ်မပူရတော့ပါဘူး။ လက်ရှိအခက်ခဲက နေစရာအတွက်ပဲ။ ကျမတို့ဆို အခုလက်ရှိ စာသင်ကျောင်းထဲ နေရတယ်။ မီးဘေးသင့် အိမ်ထောင်စုတွေက များလွန်းတော့ နေစရာမလုံလောက်တာပေါ့။ အပြင်မှာ ထွက်အိပ်ရတာတွေလည်း ရှိတယ်။ လူလတ်ပိုင်းတွေက ကိစ္စမရှိဘူး။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကျတော့ တော်တော်ဒုက္ခရောက်ကြရတယ်။ နီးစပ်ရာ ဆွေမျိုးအိမ်ဆိုတာကလည်း မိသားစုများရင် နေရာအတွက် မဖြစ်နိုင်ဘူးလေ။ အိမ်ထပ်ဆောက်ဖို့ဆိုတာလည်း အဲလောက်ချမ်းသာတဲ့သူ ဘယ်သူမှမပါတော့ မလွယ်ဘူး။ နောက်အလှူရှင်တွေကို မေတ္တာရပ်ခံ အလှူခံချင်တာက ငွေကြေးမဟုတ်တောင် တအိမ်ထောင်ကို သွပ်မိုးလေးတချပ်ဖြင့်တချပ်ပေါ့လေ၊ ကပ်လေးတချပ်ဖြင့် တချပ်ပေါ့ စသဖြင့် အိမ်ဆောက်ပစ္စည်းလေးတွေကို လှူဒါန်းပေးစေချင်ပါတယ်။ အစိုးရအနေနဲ့ကလည်း ကျမတို့ ပြန်လည်ထူထောင်ရေးအတွက် အထောက်ပံ့ပေးဖို့ အထူးမေတ္တာရပ်ခံပါတယ်” လို့ သစ်ကြီးတောကျေးရွာဒေသခံ ဒေါ်ဝင်းအေးက ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေကို အနယ်နယ်အရပ်ရပ်က အဖွဲ့စည်းအသီးသီးက နေ့စဉ်ဆိုသလို လာရောက်လှူဒါန်းမှုတွေလည်း ရှိနေပါတယ်။

ဒါပေမယ့်လည်း မီးလောင်မှုအတွင်း ဆုံးရှုံးသွားတဲ့ အိမ်ခြေတွေက ပြည်သူတွေကတော့ လက်ရှိအခြေနေမှာ နေရေးအတွက် အိုးအိမ် ပြန်လည်ထူထောင်ဖို့ အထောက်ပံ့ကို မျှော်လင့်နေကြတာပါ။

သစ်ကြီးတောကျေးရွာမှာ အိမ်ခြေစုစုပေါင်း ၆၇၄ အိမ်၊ အိမ်ထောင်စု ၆၉၉ စု ရှိပြီး မီးဘေးသင့်ခဲ့တာကတော့ အိမ်ခြေ ၁၆၇ အိမ်နဲ့ လူဦးရေ ၉၀၀ ကျော်ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ညက သစ်ကြီးတောကျေးရွာမှာ နေအိမ်တလုံးရဲ့ ပေါ့ဆမီးကတဆင့် စတင် ကူးဆက်လောင်ကျွမ်းခဲ့တာကြောင့် အိမ်ထောင်စုပေါင်း ရာနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013