DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် အမျိုးသမီးအိမ်ထောင်ဦးစီးနှင့်မသန်စွမ်းသူများကို ထောက်ပံ့ငွေပေးအပ်
DVB
·
March 12, 2018
မိတ္ထီလာတွင် အမျိုးသမီးအိမ်ထောင်ဦးစီးနှင့်မသန်စွမ်းသူများကို ထောက်ပံ့ငွေပေးအပ်
Donate to DVB

မိတ္ထီလာမြို့နယ်၊ မုန်တိုင်ရွာ၊ မုန်တိုင် ဘုန်းတော်ကြီးကျောင်း မတ်လ ၁၁ ရက် မနက်က ခင်ပွန်းမရှိပဲ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသမီးတွေနဲ့ မသန်စွမ်းတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ကြေး ပေးတယ်လို့ မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာန ဒုညွှန်မှူး ဦးသက်လှိုင်ထွန်းက “အမျိုးသမီးဦးဆောင် အိမ်ထောင် ဦးစီးအမျိုးသမီးတဦးကို ထောက်ပံ့ကြေးငွေ ၅သောင်းပေးပါတယ်။ မသန်စွမ်းတဦးကို ၁ သိန်း ပေးပါတယ်။ မသန်စွမ်း ၄ မျိုးပေးပါတယ်။ နား၊ မျက်စိ၊ ညာဏ်ရည်ချို့နဲ့ ကိုယ်အင်္ဂါမသန်စွမ်း ၄ မျိုး ပါ။ မသန်စွမ်းကတော့ အမျိုးသား အမျိုးသမီး အသက်အရွယ်မရွေး ပေးတာပါ။ လူမှုကာကွယ်စောင့်ရှောက်ရေးအနေနဲ့ ပေးပါတယ်။ ပိုင်းလော့ပရောဂျက်အနေနဲ့ ဆင်းရဲနွမ်းပါးမှု အညွှန်းကိန်း မြင့်တဲ့နေရာတွေကို ပေးတာပါ။ မန္တလေးတိုင်းဒေသကြီးထဲမှာ ညောင်ဦးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်ထဲက ရွာအချို့ကိုပေးတာပါ” လို့ ပြောပါတယ်။

ဒေသခံအိမ်ထောင်ဦးစီး အမျိုးသမီးတဦးက “အခုလိုထောက်ပံ့ကြေးရတာ ဒါဟာ ပထမဆုံးပါပဲ။ အခုလို ဂရုစိုက်မှုကို ဝမ်းသာအားရ ဖြစ်မိပါတယ်” လို့ ပြောပါတယ်။

မိတ္ထီလာမြို့နယ်ထဲမှာ သီးကုန်းရွာ၊ ဖလံကျင်းရွာ၊ သရက်ပင်ရွာ၊ ရေဝေရွာ၊ ‎မကျီးတန်းရွာ၊ ဇရပ်ကုန်းရွာ စတဲ့ ရွာ ၆ ရွာက မသန်စွမ်းသူတွေနဲ့ အမျိုးသမီးအိမ်ထောင်ဦးစီး ၂၀၀ လောက်ကို ဒုဝန်ကြီး ဦးစိုးအောင်ကိုယ်တိုင် ထောက်ပံ့ငွေပေးခဲ့တာဖြစ်ပြီး လိုအပ်တဲ့နေရာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013