DVB Logo
Home
မြန်မာသတင်း
မြန်မာလူငယ်များ ဂျပန်တွင် ပညာသင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အဖွဲ့ ဆွေးနွေး
DVB
·
March 12, 2018
မြန်မာလူငယ်များ ဂျပန်တွင် ပညာသင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အဖွဲ့ ဆွေးနွေး
Donate to DVB

မြန်မာလူငယ်တွေကို ဂျပန်မှာ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြပါတယ်။

မတ်လ ၁၂ ရက်က  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့  ဂျပန်နိုင်ငံ၊ Japan Business Ferderation (Keidanren) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံတုန်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ အရေအတွက်များ တိုးတက်များပြားလာတာနဲ့အညီ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနဲ့ အလေးပေးလိုတဲ့ ကဏ္ဍများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။

မြန်မာနိုင်ငံက လူငယ်လုပ်အားစုများကို  ဂျပန်နိုင်ငံမှာ လိုအပ်မယ့် ဝန်ဆောင်မှုလုပ်ငန်းများနဲ့ ကိုက်ညီတဲ့ သင်တန်းတွေ၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားလေ့ကျင့်ပေးရန်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အနာဂတ်မှာ စွမ်းအင်ကဏ္ဍနဲ့ လျှပ်စစ်စွမ်းအားထုတ်လုပ်ရေးကဏ္ဍတို့မှာ ဂျပန်ကုမ္ပဏီများ ပိုမိုပါဝင် ရင်းနှီးမြှုပ်နှံရေးကိစ္စလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ Japan Business Federation (Keidanren) ဒုတိယဥက္ကဋ္ဌ၊ ဂျပန်-မြန်မာစီးပွားရေးကော်မတီ ဥက္ကဋ္ဌနဲ့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း အမှုဆောင်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ Mr. Ken Kobayashi၊ ဂျပန်-မြန်မာ စီးပွားရေး ကော်မတီ ဥက္ကဋ္ဌနဲ့ မာရူဘီနီ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဖြစ်သူ Mr. Teruo Asada တို့ ဦးဆောင်ပြီး ဂျပန်နိုင်ငံက ဦးဆောင်စီးပွားရေးလုပ်ငန်းကြီးများနဲ့ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများက အကြီးအကဲများ စုစုပေါင်း ကိုယ်စားလှယ် အဖွဲ့ဝင် ၄၀ ဦး ပါဝင်ပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့ဟာ မတ် ၁၃ ရက်မှာ လုပ်မယ့် 3rd Myanmar-Japan Joint Economic Conference ကို  တက်ရောက်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013