DVB Logo
Home
မြန်မာသတင်း
မိုင်းရှူးတွင် မိုးသီးများ လမ်းလုံးပြည့် ရွာချ၊ နေအိမ်နှင့်ဖရဲခင်းများ ပျက်စီး (ရုပ်သံ)
DVB
·
March 12, 2018
မိုင်းရှူးတွင် မိုးသီးများ လမ်းလုံးပြည့် ရွာချ၊ နေအိမ်နှင့်ဖရဲခင်းများ ပျက်စီး (ရုပ်သံ)
1 / 6
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းရှူးမြို့မှာ မနေ့က မိုးသီးတွေရွာလို့ အိမ်တွေထိခိုက်ပြီး ဖရဲခင်းတွေ ပျက်စီးကုန်တယ်လို့ လွှတ်တော်အမတ် နန်းကောင်ခမ်းက ပြောပါတယ်။

“နေ့လယ် ၂ နာရီ ၁၀ မိနစ်က စ ရွာတာ။ နာရီဝက် နီးနီးကြာတယ်။ အိမ်တော်တော်များများ သွပ်တွေ ပေါက်ကုန်တယ်။ ဈေးမှာလည်း အမိုးတွေ ပျက်တယ်။ ဒီနေ့ကတော့ အလုပ်တွေ ရှုပ်နေကြတာပေါ့။ သွပ်ပေါက်တာတွေ ပြန်ပြင်နေရတာလေ။ မြို့နားက ဖရဲခင်းတွေလည်း အကုန်ပျက်စီးကုန်တယ်။ တခြား အပင်တွေမှာလည်း အရွက်တွေ ကြွေကုန်တယ်။ မိုးသီးက တော်တော်ကြီးတယ်။”
မြို့နယ်ထဲမှာရှိတဲ့ ရွာတွေဘက်မှာတော့ မိုးသီးရွာတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။ အခုလိုရွာတာဟာ ပထမဆုံး ကြုံဖူးတာဖြစ်ပြီး အရင်တုန်းက မဖြစ်ဖူးဘူးလို့လည်း သူက ပြောပါတယ်။
မတ်လ ၁၀ ရက် ညနေပိုင်းကလည်း ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်မှာ လေပြင်းတိုက်ပြီး မိုးသီးကြွေတာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်အလုံး ၅၀ ကျော် ပျက်စီးပြီး အမျိုးသမီး ၂ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။
(အိမ်ခေါင်ပျက်တဲ့ ဓာတ်ပုံ ထပ်တောင်းထား)

ရုပ်သံနှင့်ဓာတ်ပုံ - Ei Theint Theint Soe

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013