DVB Logo
Home
မြန်မာသတင်း
၁၀ တန်းစာ​မေးပွဲ​ဖြေဆို​ချိန် ​ကျောင်းသူ ၅ ဦး အ​ရေး​ပေါ်​ဆေးရုံတင်​ထားရ
DVB
·
March 12, 2018
၁၀ တန်းစာ​မေးပွဲ​ဖြေဆို​ချိန် ​ကျောင်းသူ ၅ ဦး အ​ရေး​ပေါ်​ဆေးရုံတင်​ထားရ
Donate to DVB

 

တောင်​တွင်းကြီးမြို့မှာ ​ ၂၀၁၇-၂၀၁၈ ခုနှစ်​ ပညာသင်​နှစ်​ တက္ကသိုလ်​ ဝင်​တန်းစာ​မေးပွဲ ဝင်​​ရောက်​​ဖြေဆို​နေ​တဲ့  ကျောင်းသူ (၅) ဦး စာ​မေးပွဲ​ဖြေဆို​နေချိန်​အတွင်း ​တောင်​တွင်းကြီးမြို့နယ်​ ပြည်​သူ့​ဆေးရုံသို့ အ​ရေး​ပေါ်တင်​ထားရပါတယ်။

တောင်တွင်းကြီးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဇော်မိုး က “အ.ထ.က (၁) က ၁ ဦး၊ အ.ထ.က (၃) က ၁ ဦးနဲ့ အ.ထ.က (ခွဲ) လ (၃) က ၃ ဦးပါ။ အားလုံးကျောင်းသူတွေပါပဲ။ မူးဝေတာ ဗိုက်အောင့်တာပါ။ မစိုးရိမ်ရပါဘူး”လို့ ပြောပါတယ်။

ဆေးရုံတက်နေရတဲ့ ကျောင်းသူတွေကို ဆေးရုံမှာပဲ စာစစ်ဌာနဖွင့်ပြီး ဆက်လက်ဖြေဆိုနိုင်အောင် ဆောင်ရွက်ပေးမယ်လို့  မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေဌာန ၈ ခု ဖွင့်လှစ်ထားပြီး ဖြေဆိုသူ ကျောင်းသား ၂၄၂၄ နဲ့ ကျောင်းသူ ၃၀၄၂ ဦး၊ စုစုပေါင်း ၅၄၆၆ ဦး ရှိတယ်လို့ မြို့နယ်ပညာရေးမှူးရုံးက သိရပါတယ်။

သားကြီး (တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013