DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းအမျိုးသားအား ဓမ္မတာအတိုင်းမဟုတ်ဘဲ ကာမဆက်ဆံခဲ့သည့် ဆိုင်ရှင်ကို ဖမ်းဆီး
DVB
·
March 12, 2018
ဝန်ထမ်းအမျိုးသားအား ဓမ္မတာအတိုင်းမဟုတ်ဘဲ ကာမဆက်ဆံခဲ့သည့် ဆိုင်ရှင်ကို ဖမ်းဆီး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်အတွင်းက မယ့်လိမ့်လုံရှမ်းရိုးရာ စားသောက်ဆိုင်ပိုင်ရှင်သူဌေးက ဆိုင်ရှိစားပွဲထိုးဝန်ထမ်းကို မတ်လ ၇ ရက်နေ့က ဓမ္မတာအတိုင်း မဟုတ်တဲ့ ကာမဆက်ဆံမှုပြုလုပ်ခဲ့လို့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

ဆိုင်ရှင်က စားပွဲထိုးကောင်လေးကို နင်းခိုင်းနှိပ်ခိုင်းတာတွေ လုပ်လေ့ရှိသလို အဲ့ဒီနေ့မှာ ဆိုင်ရှင်က အဲ့ဒီစားပွဲထိုးကောင်လေးကို ဓမ္မတာမဟုတ်တဲ့ ကာမဆက်ဆံမှုနဲ့ ဆက်ဆံဖို့ပြောတယ် စားပွဲထိုးကောင်လေးငြင်းပေမယ့် ပိုင်ရှင်က အတင်းအဓမ္မ ဆက်ဆံပြီး ငွေ ၂၅၀၀ နဲ့ ဖုန်းဘေ ၃၀၀၀ ဖြည့်ပေးခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ မတ်လ ၅ ရက်နဲ့ ၆ ရက်တွေကလည်း တရားခံက ပါးစပ်နဲ့ လိင်ဆက်ဆံခိုင်းခဲ့တယ်လို့ တိုင်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ဥက္ကလာပမြို့နယ်က တာဝန်ရှိ ရဲအရာရှိတစ်ယောက်က “နောက်ပိုင်းမှာ ဆိုင်ရှင်ဖြစ်သူက ဓမ္မတာဆန့်ကျင်တဲ့ ကာမဆက်ဆံမှုပြုလုပ်ဖို့ ထပ်မံကြိုးစားလာတာကြောင့် စားပွဲထိုးကောင်လေးက ရဲစခန်းကိုလာပြီး အရေးယူဖို့တိုင်တန်းခဲ့တာပါ”လို့ ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် စားပွဲထိုးဝန်ထမ်းဟာ ဒီဆိုင်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သူဌေးဖြစ်သူက မကြာခဏဆိုသလို ဖုန်းငွေသွင်းပေးတာတွေ မုန်ဖိုးပေးတာတွေ လုပ်လေ့ရှိတယ်လို့ ရဲသတင်းတွေအရသိရပါတယ်။

“ဆိုင်ရှင်ကို မတ်လ ၉ ရက်နေ့က ဖမ်းထားပါတယ်။ ဆိုင်ဝန်ထမ်းသက်သေတွေကို စစ်ဆေးနေပြီး ဆေးလည်း စစ်ထားပါတယ်။ ဆေးစစ်အဖြေကတော့ မရသေးပါဘူး။ ပ နံပါတ် (ပထမသတင်းပေးတိုင်ချက် အမှတ်) က ၃၃၃ ပါ” လို့     တောင်ဥက္ကလာပမြို့နယ်က တာဝန်ရှိ ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ပြစ်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ အမှုတည်ဆောက်နေသလို ဖမ်းဆီးတာ တလပြည့်ရင် ဥပဒေအကြံတောင်းတင်ပြီး အမှုစွဲတင်သွားမယ်လို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013