DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံ​ရေကာတာဆက်လုပ်ရန် တရုတ်ကုမ္ပဏီ ကြိုး​စား​နေဟု ကချင်အဖွဲ့​ ​ကြေညာ
DVB
·
May 23, 2012
Donate to DVB

သမ္မတဦး​သိန်း​စိန်က ရပ်ဆိုင်း​ဖို့​ ညွှန်ကြား​ထား​တဲ့​ ကချင်ပြည်နယ် မြစ်ဆုံ ​ရေအား​လျှပ်စစ်စီမံကိန်း​ကို ပြန်လည်စတင်ဖို့​ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား​ ရင်း​နှီး​မြှုပ်နှံမှု ​ကော်ပို​ရေး​ရှင်း​ (စီပီအိုင်)က ပြန်ပြီး​ ကြိုး​စား​နေတယ်လို့​ ကချင် လူမှုဖွံ့​ဖြိုး​ရေး​ကွန်ရက်အဖွဲ့​ (​ကေဒီအန်ဂျီ)က ​ကြေညာလိုက်ပါတယ်။

မြစ်ဆုံ​ရေကာတာ တည်​ဆောက်ခြင်း​ဟာ ပြည်သူ​တွေအတွက် အကျိုး​မရှိဘူး​ ဆိုတဲ့​ သံသယကို ပယ်​ဖျောက်နိုင်ဖို့​အတွက် တရုတ်ကုမ္ပဏီက ကြိုး​စား​နေတာလို့​ (​ကေဒီအန်ဂျီ) အဖွဲ့​ရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ မဆိုင်း​မိုင်က ​ပြောပါတယ်။

မြစ်ဆုံစီမံကိန်း​ ဆက်​ဆောက်ခွင့်​ရဖို့​အတွက် စီပီအိုင်ကုမ္ပဏီက ကိုယ်စား​လှယ်​တွေ လွှတ်ပြီး​ ​နေရာ​ရွှေ့​ပြောင်း​ခံရတဲ့​ ​ဒေသခံပြည်သူ​တွေကြား​မှာ ကွင်း​ဆင်း​ စည်း​ရုံး​နေသလို၊​ မြစ်ဆုံ​ရေအား​လျှပ်စစ်စီမံကိန်း​ဟာ ပြည်သူ​တွေကို မထိခိုက်ဘဲ အကျိုး​ရှိတဲ့​အ​ကြောင်း​ သက်​သေပြနိုင်ဖို့​အတွက် နိုင်ငံတကာ အကြီး​စား​ ​ရေကာတာစီမံကိန်း​ကော်မရှင်အဖွဲ့​ (ICOLD)ကို ချည်း​ကပ်ပြီး​ လွတ်လပ်တဲ့​ စုံစမ်း​စစ်​ဆေး​မှု​တွေ ​ဆောင်ရွက်​နေတယ်လို့​ ​ကေဒီအန်ဂျီအဖွဲ့​က ​ပြောပါတယ်။

ဒါ​ပေမယ့်​ ဒီစီမံကိန်း​အ​ကောင်အထည်​ဖော်ရဖို့​ တရုတ်က ဘယ်လိုနည်း​လမ်း​နဲ့​ ဆက်လက်​ဆောင်ရွက်​နေပါ​စေ ​ဒေသခံပြည်သူ​တွေအ​နေနဲ့​ လက်ခံနိုင်စရာ မရှိဘူး​လို့​ မဆိုင်း​မိုင်က ​ပြောပါတယ်။

“ပြီး​ခဲ့​တဲ့​ ​မေလ ၁၆ ရက်​နေ့​မှာ တရုတ်သတင်း​ဌာနတခုမှာ စီပီအိုင်က သတင်း​တခု ထုတ်ထား​တာ​တွေ့​ရတယ်။ နိုင်ငံတကာ အကြီး​စား​ ​ရေကာတာစီမံကိန်း​ကော်မရှင်အဖွဲ့​ (ICOLD) ကို လာပြီး​စုံစမ်း​ဖို့​ မြန်မာနိုင်ငံအစိုး​ရကလည်း​ ​တောင်း​ဆိုထား​တယ်​ပြောတယ်။”

“မြစ်ဆုံ​ရေကာတာကြီး​ကို သူတို့​က ဘယ်လိုမှ လက်မခံဘူး​။ သူတို့​လည်း​ လက်​တွေ့​ ခံစား​နေရပြီ၊​ ခန့်​မှန်း​ခြေအ​နေနဲ့​က​တော့​ ​ထောင်ဂဏန်း​နီး​ပါး​တော့​ သူတို့​ လက်​တွေ့​ခံစား​နေရပြီ။ ​မြေယာသိမ်း​ဆည်း​ခံရတယ်။ ပြီး​လို့​ရှိရင် သူတို့​ အခုစီမံကိန်း​ဒေသမှာ အလုပ်မဲ့​နဲ့​ ​နေရတယ်။ စိုက်ပျိုး​ရမယ့်​ ​နေရာလည်း​ မရှိဘူး​။ အခက်အခဲ​တွေ ကြုံ​နေရတယ်​ပေါ့​နော်။ ​နောက် ​ရှေ့​ဆက်ပြီး​လည်း​ ဘယ်လိုလုပ်ငန်း​တွေ လုပ်စား​မယ် ဆိုတဲ့​ဟာ​တွေ သူတို့​အ​ပေါ်မှာ အများ​ကြီး​ အခက်ကြုံ​နေတဲ့​ဟာ​တွေ ရှိတယ်။”

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား​ ရင်း​နှီး​မြှုပ်နှံမှု ​ကော်ပို​ရေး​ရှင်း​ (စီပီအိုင်) ဟာ တရုတ်ပြည်ကို လျှပ်စစ်ဓာတ်အား​ တင်သွင်း​ဖို့​အတွက် ကချင်ပြည်နယ်ထဲက မြစ်ဆုံ​ဒေသမှာ ​ရေကာတာ ၇ ခုကို အဓိက ​ဆောင်ရွက်ဖို့​ ကြိုး​စား​နေတဲ့​ ကုမ္ပဏီ ဖြစ်ပါတယ်။

ဒီ​ရေကာတာ​တွေ​ကြောင့်​ ဖြစ်လာမယ့်​ စီး​ပွား​ရေး​၊​ လူမှု​ရေး​နဲ့​ သဘာဝ ပတ်ဝန်း​ကျင် ဆိုး​ကျိုး​များ​အ​ပေါ် မြန်မာလူထုအကြား​ စိုး​ရိမ်ပူပန်မှုများ​ ကျယ်ကျယ်ပြန့်​ပြန့်​ ဖြစ်​ပေါ်လာတဲ့​အတွက် သမ္မတဦး​သိန်း​စိန်က သူ့​အစိုး​ရ သက်တမ်း​အတွင်း​ ​ရေကာတာ ဆက်မ​ဆောက်ဘဲ ရပ်ဆိုင်း​ထား​ဖို့​ ပြီး​ခဲ့​တဲ့​ နှစ် စက်တင်ဘာလက ​ကြေညာခဲ့​တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013