DVB Logo
Home
မြန်မာသတင်း
ဌာနတခုနှင့်တခု လွှဲချနေခြင်းကြောင့် ပြည်သူများ အမှောင်ထဲနေရဟု ရန်ကုန်မြို့တော်ဝန်ပြော
DVB
·
March 12, 2018
ဌာနတခုနှင့်တခု လွှဲချနေခြင်းကြောင့် ပြည်သူများ အမှောင်ထဲနေရဟု ရန်ကုန်မြို့တော်ဝန်ပြော
Donate to DVB

 

ဌာနတခုနဲ့တခု လွှဲချနေတာကြောင့် ပြည်သူတွေ အမှောင်ထဲနေနေရတာလို့ ရန်ကုန်မြို့တော်ဝန်က ပြောဆိုလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ အစည်းအဝေးမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုခဲ့တာပါ။

လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင် မေးမြန်းတဲ့ လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ အဓိကလမ်းမကြီးများဖြစ်တဲ့ ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်- ညောင်တုန်းလမ်း၊ အနော်ရထာလမ်း၊ တပင်ရွှေထီးလမ်း၊ ကျန်စစ်သားလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ပီမိုနင်းလမ်းတွေမှာ လမ်းမီးများစနစ်တကျထွန်းပေးရန် ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားရာမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ထည့်သွင်းပြောဆိုသွားတာပါ။

“ပြီးခဲ့တဲ့လမှာတုန်းက YESC နဲ့ YCDC တို့ဆွေးနွေးခဲ့ပါတယ်။ လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော်နဲ့လည်းဆွေးနွေးပြီးတော့ ဝန်ကြီးချုပ်ဆီတင်ပြထားပါတယ်။ အဲ့ဒီမှာYESC က ဓာတ်ကြိုးနဲ့ ဓာတ်တိုင်ထောင်ပေးတယ်။ YCDC ကမီးလုံးတပ်ပေးတယ်။ သို့သော်မီးမလားဘူး။ မီးမလာတဲ့အခါကျတော့ YCDC ကလည်း ဓာတ်ကြိုးကဘယ်နေရာပြတ်လို့ မီးမလာတာလား လို့ပြောသလို YESC အနေနဲ့ကလည်း မီးကျွမ်းတွေကို YCDC ကတပ်တဲ့အတွက်ကြောင့်မို့ ဖြစ်တဲ့အတွက်ကြောင့် သူ့လွှဲချ ကိုယ့်လွှဲချနဲ့ ရပ်ကွက်ပြည်သူလူထုကအမှောင်ထဲမှာ ငုပ်တုတ်ထိုင်နေရတာကြာနေပါပြီ” လို့ မြို့တော်ဝန်ကဆိုပါတယ်။

အခုလိုဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကိုတင်ပြထားသလို YCDC အနေနဲ့ကလည်း မီးလုံးတွေတပ်မယ့် ဘတ်ဂျတ်ငွေတွေကို YESC ကို လွှဲပေးမယ်လို့ပြောသလို ရေရှည်မှာ YESC က တာဝန်ယူသင့်တယ်လို့ဆ က်ပြောပါတယ်။

အခုမေးခွန်းကို လှိုင်သာယာမြို့နယ်အတွင်း မှုခင်းကျဆင်းရေးကိုတဖက်တလမ်းက အထောက်အကူပြုစေဖို့၊ မြို့ပြအင်္ဂါရပ်နဲ့ညီစေဖို့ ရည်ရွယ်ပြီးမေးမြန်းတာဖြစ်တယ်လို့ လှိုင်သာယာအမတ် ဦးဝင်းမောင်ကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013