DVB Logo
Home
မြန်မာသတင်း
“ဝ”ထိန်းချုပ်ဒေသတွင် သက်ငယ်မုဒိမ်း သေဒဏ်ပေးရန် ပြဋ္ဌာန်းထား
DVB
·
March 12, 2018
“ဝ”ထိန်းချုပ်ဒေသတွင် သက်ငယ်မုဒိမ်း သေဒဏ်ပေးရန် ပြဋ္ဌာန်းထား
Donate to DVB

 

UWSA "၀"ထိန်းချုပ်မှုနယ်မြေထဲမှာ သက်ငယ်မုဒိမ်းနဲ့ပါတ်သက်ပြီး ဒေသဆိုင်ရာ ဥပဒေအရ သေဒဏ်ပေးဖို့ပြဋ္ဌာန်းထားတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောဆိုလိုက်ပါတယ်။

"၀"ထိန်းချုပ်မှုနယ်မြေထဲမှာတော့ သက်ငယ်မုဒိမ်းနဲ့ပါတ်သက်ပြီး ပြစ်ဒဏ်အမြင့်ဆုံး သေဒဏ် ပေးလေ့ရှိတယ်လို့ UWSA   "၀"တောင်ပိုင်း စစ်ဒေသ(၁၇၁) တောင်ပိုင်း ဒုတိယ နိုင်ငံရေးမှူး ဦးညီကပ်ကပြောပါတယ်။

UWSA ထိန်းချုပ်မှုနယ်မြေကို မြောက်ပိုင်း ဌာနချုပ်ရှိတဲ့ ပန်ဆန်းနဲ့ မိုင်းဆတ်မြို့နယ် အတွင်းက စစ်ဒေသ(၁၇၁)ကို တောင်ပိုင်းအဖြစ်သတ်မှတ်ထားပြီး ပြစ်မှုပြစ်ဒဏ်တွေကို "၀"အာဏာပိုင်တွေက ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ကျင့်သုံး ပြစ်ဒဏ်ပေးလေ့ရှိပါတယ်။

သေဒဏ်ပေးတာနဲ့ပါတ်သက်ပြီး မတ်လ(၄)ရက်နေ့မှာ ၀ ဒေသ မြောက်ပိုင်းမှာ လူ(၂)ဦးကို သေဒဏ်ချမှတ်ခဲ့ပေမယ့် ၀ တောင်ပိုင်းမှာတော့ သေဒဏ်ချမှတ်ထားတာ မရှိခဲ့ဘူးလို့လဲ သိရပါတယ်။

နိုင်ငံတော်အစိုးရရဲ့ လက်ရှိပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေအရ သက်ငယ်မုဒိမ်းဆိုတာ ကျူးလွန်ခံရတဲ့ ကလေးသူငယ်တွေရဲ့ အသက်အပိုင်းအခြားကို သီးခြားပြဌာန်းထားတာမရှိတဲ့ အတွက် ပြဌာန်းဖို့လိုအပ်တယ်လို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်ဝင်းကသုံးသပ်ပါတယ်။

ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၇၅ အရ အသက်(၁၆)နှစ်အောက် အမျိုးသမီးငယ်နဲ့ ကာမ ကျူးလွန်မှုတွေဖြစ်ပေါ်ခဲ့ရင် အမျိုးသမီးငယ်က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဥပဒေအရ မုဒိမ်းမှုမြောက်တယ်လို့ ပြဌာန်းထားပါတယ်။

နိုင်ငံအနှံ့အပြားမှာ သက်ငယ်မုဒိမ်းနဲ့ပါတ်သက်ပြီး သေဒဏ်ပေးဖို့ တောင်းဆိုမှုတွေရှိနေပြီး ယခုနောက်ပိုင်း မုဒိမ်းမှုဖြစ်ပေါ်မှုတွေဟာ ပိုမိုများပြားလာနေတာပါ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းဒေသကြီးက မုဒိမ်းမှု ဖြစ်ပွားမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013