
၂၀၁၈ ခုနှစ်အတွက် ငါးမဖမ်းရ ရာသီအဖြစ် မေ ၁၅ ရက်မှ သြဂုတ် ၁၅ ရက်ထိ ၃ လကြာ သတ်မှတ်ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနနဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ကို ကိုးကားပြီး ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းရှိ ငါးဖမ်းယာဉ်တွေအားလုံး ပင်လယ်ပြင်ထွက်ခွာ ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားမယ်လို့လည်း သိရပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ ငါးတွေ ရေရှည်စားသုံးနိုင်ဖို့နဲ့ ငါးတွေ မျိုးပွားနှုန်း မြင့်မားစေဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ ငါးမျိုး မပြုန်းတီးစေဖို့အတွက် ငါးမဖမ်းရ ရာသီနဲ့ ငါးမဖမ်းရ ဧရိယာသတ်မှတ်တာကို ၂၀၁၃ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။










