DVB Logo
Home
မြန်မာသတင်း
ကဝမြို့နယ် ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းနေထိုင်သည့် ကျေးရွာများ သောက်သုံးရေ ရှားပါး
DVB
·
March 12, 2018
ကဝမြို့နယ် ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းနေထိုင်သည့် ကျေးရွာများ သောက်သုံးရေ ရှားပါး
Donate to DVB

ကဝမြို့နယ်ထဲက ပင်လယ်ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့နေထိုင်နေရတဲ့ ကျေးရွာတွေမှာ ရေရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေတဲ့အတွက် ရေအလှူရှင်တွေ အရေးပေါ် လိုအပ်နေပါတယ်။

ပဲခူးတိုင်း၊ ကဝမြို့နယ်ထဲက ပင်လယ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့ နေထိုင်နေရနတဲ့ ကျေးရွာတွေအပါအဝင် ရွှေတဆုတ်၊ တံတာဦး၊ မမောက်ရွာသစ်၊ ကန်တော်ရွာသစ်နဲ့ စာဖြူစု စတဲ့ရွာ ၅ ရွာလောက်မှာ သောက်သုံးရေ ရှားပါးမှုပြဿနာတွေနဲ့ စတင်ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အဲဒီရွာတွေဟာ ပင်လယ်ကမ်းပါးပြိုမှုကြောင့် ပြီးခဲ့တဲ့နှစ်တွေကမှ ပြောင်းရွှေ့လာတဲ့ ရွာအသစ်တွေ ဖြစ်ပြီး သောက်သုံးရေအတွက် တရွာကို ကန်တကန်စီလောက် တူးပေးထားပေမယ့် ကန်တွေထဲမှာ ရေနည်းလာတဲ့အတွက် ရေက ငန်ပြီး သုံးမရ ဖြစ်နေတာတွေ၊ တချို့ ခန်းခြောက်ကုန်တာတွေ ဖြစ်နေတဲ့အတွက် ခုလို သောက်သုံးရေ ရှားပါးမှုတွေနဲ့ ကြုံတွေ့နေရတာလို့ စာဖြူစုကျေးရွာနေ မနွယ်နီဝင်းက ပြောပါတယ်။

အဲဒီဒေသမှာ ရေအခက်ခဲဖြစ်နေတဲ့အပြင် နေရေးထိုင်ရေးကလည်း မလုံမလဲနဲ့ နေနေရပြီး စားဝတ်နေရေးအတွက်တွေပါ အမျိုးမျိုး အခက်ခဲကြုံတွေ့နေရတယ်လို့ ကန်တော်ရွာသစ်နေ ဒေါ်ကြည်အေးက ပြောပါတယ်။

“အခုရွာတွေက ကမ်းပြိုလို့ ပြောင်းရွှေ့လာတဲ့ရွာတွေ ဖြစ်တဲ့အတွက် ဒီရွာတွေအတွက်ကို ကျေးလက်ဦးစီးဌာနအနေနဲ့ ဘတ်ဂျက်တွေ ရေးဆွဲထားတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တလော အခြေအနေတော့ တိုင်းဒေသကြီးအစိုးရတို့၊ လွှတ်တော်ကိုယ်စားလှယ်တို့နဲ့ ပူးပေါင်းပြီး လက်တလော ရေပေးဝေဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့အတွက် ရေကန် ဒါမှမဟုတ် ယာယီ ရေကန်ဆောက်လုပ်ပေးသွားဖို့ ရည်ရွယ်ထားတယ်” လို့ ကဝမြို့နယ် ကျေးလက်ဦးစီးမှူး ဦးကျော်ထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဒေသမှာ အခုဆိုရင် ပဲခူးမြို့ကနေ ရေအလှူရှင်တွေ စတင်လှူဒါန်းနေကြပြီး လှူဒါန်းသူ မလာတဲ့နေ့တွေဆို တဖက်ရွာကနေ စဥ့်အိုးတလုံးကို တထောင်၊ တထောင့်နှစ်ရာ ပေးဝယ်ရပြီး အဲဒီရွာတွေမှာ ရှိတဲ့ရေကလည်း စတင်ခန်းလာပြီဖြစ်တဲ့အတွက် ရေရှည်မှာ ရေရရှိဖို့ မလွယ်တော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ရေအလှူရှင်တွေ ပိုမိုလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013