DVB Logo
Home
မြန်မာသတင်း
တိုက်ခန်းရောင်းရန် အခြေအနေမရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို ငွေချေးမပေးဟုဆို
DVB
·
March 11, 2018
တိုက်ခန်းရောင်းရန် အခြေအနေမရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို ငွေချေးမပေးဟုဆို
Donate to DVB

 

အဆောက်ဦဆောက်လုပ်ပြီးသွားပေမယ့် တိုက်ခန်းရောင်းချဖို့ အခြေအနေမရှိတဲ့  ဆောက်လုပ်ရေးလုပ်ငန်းတွေကို ငွေချေးမပေးဘူးလို့ ဆောက်လုပ်ရေးနဲ့ အိမ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။

အစိုးရလုပ်ငန်း ဘတ်ဂျက်ရှိပြီးသား ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ တည်ဆောက်ပြီးသွားရင် ငွေပြန်ရမယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေကိုသာ ချေးငွေချေးပေးနေတာလို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောပါတယ်။

“ဒီအဆောက်အဦဟာ ပြီးရင်တောင်မှ ရောင်းချဖို့အတွက် သူ့မှာ အခြေအနေမပေးရင် အဆင်မပြေဘူး။ တို့အခု ချေးပေးနေတဲ့ဟာတွေက အစိုးရလုပ်ငန်း ဘတ်ဂျက်ရှိပြီးသား။ ပြီးအောင်လုပ်ရင် ပိုက်ဆံက ရကိုရမယ်ဆိုတဲ့ ဒီကွန်စထရက်ရှင် သမားတွေကို ချေပေးနေတာ။ သူတို့အနေနဲ့ကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ အခုလို အိမ်အရောင်းအ၀ယ်ကျနေတော့ သူဆောက်တဲ့နေရာမှာ သူဆောက်တဲ့ ဒီအဆောက်အဦကို သူမပြီးသေးဘူးလေ။ ပြီးချင်တာမှန်တယ်။ ဒါပေမယ့် ပြီးသွားရင် သူပြန်ဆက်နိုင်မလားဆိုတာက ရောင်းလို့ရမလား ဆိုတာ အချက်တချက်၊ နောက်တချက်က ရောင်းလို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူ့ဆီမှာ စီးပွားရေးတခုရှိတယ်ဆိုပါတော့။ တလတလကို ယူလိုက်တဲ့ငွေရဲ့ အတိုးကို ပြန်ပေးနိုင်တဲ့ စီးပွားရေးရှိတယ်ဆိုရင် ပြီးတော့မှ တနှစ်ပြည့်တဲ့အချိန်မှ ဒီငွေကိုလည်း ပြန်ပေးနိုင်တဲ့အခြေအနေ စီးပွားရေး ရှိတယ်ဆိုရင်တော့ ချေးပေးတယ်” လို့ ပြောပါတယ်။

သူတို့ဘဏ်အနေနဲ့ အရင်ကပုဂ္ဂလိကတဦးတည်း သူတို့မြေပေါ်မှာ တည်ဆောက်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ချေးငွေထုတ်ချေးပေးခဲ့ပေမယ့် ပြန်ဆပ်တဲ့အခါမှာ အခက်ခဲတွေ ရှိခဲ့လို့ လက်ရှိမှာ အဲဒီချေးငွေတွေကို ရပ် ထားတယ်လို့ပြောပါတယ်။

လုပ်ငန်းဆက်လက်လည်ပတ်ဖို့ အခက်ခဲဖြစ်နေလို့  ဆောက်လုပ်ရေးနဲ့ အိမ်ယာဖွံ့ဖြိုးရေး ဘဏ်မှာ ချေးငွေ ချေးခဲ့ပေမယ့် လာရောက်စစ်ဆေးမှုတွေသာ လုပ်ခဲ့ပြီးချေးငွေမရခဲ့ဘူးလို့ ပြောပါတယ်။

One Nine Group Of Company မန်နေဂျင်းဒါရိုက်တာ ဦးမောင်သိန်း “ပေးနိုင်မယ်ထင်လို့လည်း လာရောက်ကွင်းဆင်း စစ်ဆေးတာလေ။ အမှန်မှာ သူတို့အဖြေပေး သင့်တာက ဘာကြောင့် မပေးဘူးလဲ။ ကျနော်ပြတဲ့အထဲမှာ ဘာက အထောက်အထား မခိုင်လုံဘူးလဲ။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ပယ်ချတာဆိုရင်တော့ ကျနော်လက်ခံနိုင်တာပေါ့။ သူတို့ မှာ အကြောင်းပြချက်မရှိဘူး။ အဲဒါကတော့ ခက်တာပေါ့နော်။ တကယ်တမ်း ကျနော်တို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ အားကိုးရမယ့်ဘဏ်က စည်ပင်ဘဏ်နဲ့ ဒီဘဏ်တခုပဲလို့ ကျနော်ထင်တယ်။ ဖြစ်လည်းဖြစ်သင့်တယ်။ အပြည့်အ၀ ထောက်ပံ့ပေးသင့် တယ်” လို့ ပြောပါတယ်။

ဆောက်လုပ်ရေးနဲ့အိမ်ယာဖွံ့ဖြိုးရေးဘဏ် အနေနဲ့ချေးငွေကိုသာထုတ်ချေးပေးပြီး အိမ်ယာရောင်းချတာတွေကို မြို့ပြနဲ့အိမ်ယာဦးစီးဌာန ကသာရောင်း ချပေးတာဖြစ်ပါတယ်။

အိမ်ယာဝယ်ယူသူတွေအနေနဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ယာဖွံ့ဖြိုးရေးဘဏ်မှာ အကောင့်ဖွင့် ထားရမှာဖြစ်ပြီး လက်ရှိမှာတော့ အကောင့်ဖွင့်ထားတဲ့ သူ နှစ်သောင်း ကျော်လောက်ရှိနေပါပြီး အဲဒီအထဲက အိမ်ယာရောင်းချပေးပြီးသူကတော့ ထောင်ကျော်လောက်ရှိနေပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013