DVB Logo
Home
မြန်မာသတင်း
ရှမ်းနှင့်တအာင်းတပ်တို့ တိုက်ပွဲကြောင့် နမ္မတူဒေသခံ ၃၀၀ ကျော် ထွက်ပြေး
DVB
·
March 11, 2018
ရှမ်းနှင့်တအာင်းတပ်တို့ တိုက်ပွဲကြောင့် နမ္မတူဒေသခံ ၃၀၀ ကျော် ထွက်ပြေး
1 / 3
Donate to DVB

 

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်မှာ ရှမ်းပြည်တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့လို့ အနီးအနားရွာတွေက ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မနေ့က မနက်ပိုင်းကစလို့ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီနေသူ တယောက်က ပြောပါတယ်။

“တာပန်ချောင်းဘေး မိုင်းဟွေရွာနားမှာ ဖြစ်တာ။ မနေ့ကတော့ ပန်ကွတ်ရွာသားတွေ ထွက်ပြေးလာကြတယ်။ ပြီးတော့ ညနေပိုင်း၊ ညပိုင်းနဲ့ ဒီနေ့မနက်အထိ ရွာ ၆ ရွာက လူပေါင်း ၃၂၄ ယောက် ပြေးလာတယ်။ ရွာလုံးကျွတ်ပဲ။ အဲရွာတွေမှာ လူမရှိတော့ဘူး။ ဒီနေ့ မနက်ပိုင်းကတော့ ပိတ်မိနေတဲ့ လူတချို့ကို သွားခေါ်တော့ သေနတ်သံတွေ ကြားသေးတယ်။ အခု နေ့လယ်ပိုင်းမှာတော့ ပြီးသွားပြီ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ နေရာဝန်းကျင်မှာရှိတဲ့ ပန်ကွတ်၊ ပန်ဆော့၊ နားတီး၊ မိုင်းဟွေ စတဲ့ ရွာ ၆ ရွာက လူတွေဟာ နမ္မတူမြို့နားမှာ ရှိတဲ့ မန်ဆန်ရွာ ဘုန်းကြီးကျောင်းမှာ လတ်တလော နေထိုင်နေကြတာပါ။

တိမ်းရှောင်လာသူတွေကို လူမှုကူညီရေး အဖွဲ့တွေက စောင်နဲ့ ဆန်တွေ လာရောက် ကူညီထားတယ်လို့လည်း သိရပါတယ်။

“အရင်တုန်းကလည်း တပ်တွေ ရှိနေပေမယ့် တိုက်ပွဲတော့ မဖြစ်ဘူးလေ။ အခုကတော့ တိုက်ပွဲတွေ ပြီးပြီဆိုတော့ ဘယ်လို လာမလဲ မသိသေးဘူး။ နယ်မြေလုံခြုံရင်တော့ သူတို့ ပြန်လို့ရမှာပေါ့” လို့ ကူညီပေးနေတဲ့ ဒေသခံက ပြောပါတယ်။

နမ္မတူမြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) တပ်ရင်း ၉၁၉ နဲ့ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) တို့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ပြီးတော့ နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်စပ်ကြားမှာလည်း တိုက်ပွဲဖြစ်ခဲ့သေး တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - စိုင်းရန်ပြေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013