DVB Logo
Home
မြန်မာသတင်း
ဒလမြို့နယ်တွင် ၁၀၀၀၀ နှင့် ၅၀၀၀ တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိ
DVB
·
March 11, 2018
ဒလမြို့နယ်တွင် ၁၀၀၀၀ နှင့် ၅၀၀၀ တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိ
Donate to DVB

 

ဒလမြို့နယ်မှာ ၁၀,၀၀၀ နဲ့ ၅,၀၀၀ ကျပ်တန် ငွေစက္ကူတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၉ ရက်နေ့က ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(ဒလ) ကို လူ ၉ ဦး လာရောက်အပ်နှံတဲ့ ငွေတွေထဲက ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉ ရွက်နဲ့ ၅,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၂ ရွက် တို့ကို တွေ့ရှိလို့ ဘဏ်ခွဲတာဝန်ခံ ဒလမြို့မရဲစခန်းကို လာရောက်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

မှုခင်းရဲတပ်ဖွဲ့က အဆိုပါငွေစက္ကူအတုတွေကို ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူ အမျိုးအစား ဖြစ်ပြီး စက္ကူသားချောနေတာ၊ အစစ်ထက် အလျားနဲ့အနံ ၁ မီလီမီတာစီတိုတာ၊ အရောင် မှေးမှိန်တာ၊ လုံခြုံရေးကြိုးအရောင်ပြောင်းလဲမှုမရှိဘဲ ခရမ်းရောင်သာပါရှိတာ၊ ကာလာပရင်တာ နည်းနဲ့ တုပထားတာနဲ့ လျှို့ဝှက်ချက်တွေ မပါရှိတာကြောင့် ထိုင်းနိုင်ငံနယ်စပ်မှ တုပဝင်ရောက်လာတဲ့ ငွေစက္ကူအတုတွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013